Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ် မြိုမှ အပြစ်မဲ့အရပ်သား ၁ ဦးအား စစ်ကောင်စီအဖွဲက ဖမ်းဆီးခေါ်ဆောင်သွား

တောင်ကုတ် မြိုမှ အပြစ်မဲ့အရပ်သား ၁ ဦးအား စစ်ကောင်စီအဖွဲက ဖမ်းဆီးခေါ်ဆောင်သွား

AB News- ဇန်နဝါရီ ၅ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြိုတွင် ယမန်နေ့ ဇန်နဝါရီ ၄ရက်၊  နံနက် ၇ နာရီခွဲ အချိန်တွင် တောင်ကုတ်မြို မောင်းတံဂိတ်ရှိ စစ်ကောင်စီအဖွဲမှ တောင်ကုတ်မြိုခံ အမျိုးသား ၁ ဦးအား ဖမ်းဆီးသွားကြောင်း AB News မှစုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူမှာ တောင်ကုတ်မြို၊ ရွာမ အမှတ် ၃ ရပ်ကွက်နေ ဆန်စက်ပိုင်ရှင် ဦးထွန်းထွန်းဝင်း  ၄၈ နှစ်ဖြစ်သည်။

ဖမ်းဆီးခံရသူ ဦးထွန်းထွန်းဝင်းသည် သူ၏ ဆန်စက်လုပ်ငန်းအတွက်လိုအပ်သော စက်သုံးဆီကို မှာယူဝယ်ထားရာ၌ မောင်းတံဂိတ်ရှိ စစ်ကောင်စီအဖွဲမှ ၎င်းစက်သုံးဆီများအား ဖမ်းဆီးသိမ်းပိုက်ထားသောကြောင့် ပြန်ရယူရန် ဇနီးဖြစ်သူနှင့်အတူ သွားရောက်ပြောကြားရာတွင် ဆီကိုမရရှိသည့်အပြင်  ဇနီးဖြစ်သူကိုလွှတ်ပေး လိုက်ပြီး ဦးထွန်းထွန်းဝင်းအား ဖမ်းဆီးသွားကြောင်း ဒေသခံ ၁ ဦးက AB News သိုပြောသည်။

“သူတို လင်မယားနှစ်ယောက် ဆီကိုပြန်ယူဖို သွားဖြေရှင်းကြတာပဲ၊ အဲ့မှာ စစ်ကောင်စီလူတွေက ထွန်းထွန်းဝင်းကို ဖမ်းထားလိုက်တော့တယ်။ သူ့ဇနီးကိုတော့ ပြန်လွှတ်လိုက်ပါတယ် ” ဟု ဒေသခံမှ ပြောသည်။

ရက္ခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၃ ၊နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီအဖွဲနှင့် ရက္ခိုင့်တပ်တော်တို တကျော့ပြန်တိုက်ပွဲများဖြစ်သည့်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီဖက်မှ ကုန်းလမ်း၊ ရေလမ်းများကို ဖြတ်တောက်ပိတ်ပင်ထားခြင်းကြောင့် ပြည်သူများ၏စီးပွားရေး အလုပ်အကိုင်များ လုပ်ကိုင်ရာတွင် အဖက်ဖက်မှ ဒုက္ခရောက်နေကြပြီး အကြပ်အတည်းများ၊ အသက်ဘေးအန္တာရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေကြသည်။

၎င်းအပြင် စစ်ရေးစစ်ရာတွင် အရှုးများနှင့်သာ ရင်ဆိုင်နေရသော အကြမ်းဖက်စစ်ကောင်စီအဖွဲသည် ပြည်သူများထံမှ ပစ္စည်း၊ ဥစ္စာ ပိုင်ဆိုင်မှုများကို လက်နက်အားကိုးဖြင့် လုယက်ခြင်း၊ ဓားပြတိုက် ခိုးယူခြင်း စသည့်လုပ်ရပ်များကိုလည်း လူမဆန်စွာလုပ်ဆောင်နေကြသည့်အပြင် အပြစ်မဲ့အရပ်သားပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ