Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်နယ်တွင် ရွာသားများအား စစ်ကောင်စီတပ်ထဲ မဝင်မနေရဟု ရာအိမ်မှူးခြိမ်းခြောက်ပြောဆို

တောင်ကုတ်နယ်တွင် ရွာသားများအား စစ်ကောင်စီတပ်ထဲ မဝင်မနေရဟု ရာအိမ်မှူးခြိမ်းခြောက်ပြောဆို

AB News – မတ်လ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ဖုံညိုကျေးရွာတွင် ရွာသားများအား စစ်ကောင်စီတပ်ထဲ မဝင်မနေရဟု ရာအိမ်မှူးခြိမ်းခြောက်ပြောဆိုမှုရှိကြောင်း သတင်းရရှိသည်။

ရာအိမ်မှူး မောင်ကျန်အောင်နှင့် တင်ချေ ဆိုသူ ၂ ဦးသည် ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက  ရွာသားများကို အစည်းအဝေးခေါ်ကာ စစ်ကောင်စီတပ်ထဲ မဝင်မနေရဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့ ၂ ယောက်အကြံတူတွေပဲ၊ ကျမတို့ကို စစ်ကောင်စီတပ်ထဲမဝင်လို့မရဘူးလို့ ခြိမ်းခြောက်ပြီးပြောတယ်။ ကျမတို့လည်းကြောက်လန့်နေကြတယ်။ တစ်ချို့တွေဆို ပြေးသွားကြပြီ” ဟု ဆိုသည်။

ရာအိမ်မှူးက ရွာသူ/ သားများအား စစ်မှုထမ်းရန် ခြိမ်းခြောက်ပြောဆိုနေသည့်အတွက် ဖုံညိုရွာမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၈ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း  တောင်ကုတ်မြို့နယ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ကျေးရွာအုပ်စု ၁ စုလျှင် လူငယ် ၃၀ခန့် ပေးရမည်ဟု  ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက ခေါ်ယူဖိအားပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့က စစ်မှုထမ်းခေါ်ယူခံရပြီး စစ်သင်တန်းတက်ရောက်မည့်သူများအတွက် စားစရိတ်ထောက်ပံ့ကြေးငွေဟု အမည်တပ်ကာ အိမ်ထောင်စု ၁စုလျှင် ၅၀၀၀ ကျပ်စီ စစ်ကောင်စီအဖွဲ့က ကောက်ခံခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ရာ  နယ်မြေများတွင် စစ်မှုထမ်းရန်အတွက် ဒေသခံပြည်သူများအား အဓမ္မဖိအားပေး ဖမ်းဆီးနေသည့်အတွက် ပြည်သူများနေ့စဥ်ရက်ဆက် ထွက်ပြေးနေကြရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ