Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်နယ်တွင် စကစအဖွဲ့ က ရွာသား ၅ ဦးကိုဖမ်းဆီး၊ AA ရွာသို့လာစည်းရုံးမှုများရှိသလားဟုမေးကာ ပါးကိုရိုက်နှက်ပြီး ၃ ဦး ပြန်လွှတ်လာ

တောင်ကုတ်နယ်တွင် စကစအဖွဲ့ က ရွာသား ၅ ဦးကိုဖမ်းဆီး၊ AA ရွာသို့လာစည်းရုံးမှုများရှိသလားဟုမေးကာ ပါးကိုရိုက်နှက်ပြီး ၃ ဦး ပြန်လွှတ်လာ

AB News – မတ်လ ၈၊ ၂ဝ၂၄

ရက္ခိုင်ပြည် တောင်ကုတ်မြို့မတိုက်နယ် သာယာအေးကျေးရွာမှ ရွာသား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး AA ရွာသို့လာစည်းရုံးမှုးများရှိသလားဟုမေးကာ ပါးကိုရိုက်နှက်ပြီး ၃ ဦးကိုပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

အင်အား ၂၅ ဦးခန့်ပါသည့် အကြမ်းစစ်ကောင်စီအဖွဲ့သည်  ယနေ့ မတ်လ ၈ ရက်နံနက် ၈ နာရီ ၃၀ မိနစ် ခန့်တွင် ၎င်းရွာသို့ဝင်ရောက်ပြီး လူငယ်များကိုလိုက်လံဖမ်းဆီးခဲ့သည်။

လူငယ် ၅ ဦးကိုဖမ်းဆီးပြီး ဖုန်းများကိုစစ်ဆေးခဲ့ပြီး မင်းတို့ရွာမှာ AA ကလာပြီးစည်းရုံးတာမျိုးရှိလားဟုဆိုကာ ပါးကိုရိုက်နက်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ရွာခံသားတစ်ဦးက AB News သို့ပြောသည်။

” စီကောင်စီတွေက ရွာထဲကိုဝင်လာတယ်။ လူငယ်တွေကိုလိုက်ဖမ်းတယ်။ အကုန်လုံးထွက်ပြေးကြတယ်။ ၅ ယောက်ကိုဖမ်းမိသွားပါတယ်။ ပြီးတော့ ဒီရွာမှာ AA ကလာပြီး စည်းရုံတာမျိုးရှိလားလို့မေးပါတယ်။ ပါးကိုရိုက်ပြီးပြန်လွှတ်လိုက်တယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ရွာထဲသို့ဝင်လာချိန် ရွာခံသားများထွက်ပြေးနေသည့်အတွက်ကြောင့် သေနတ် ၁ ချက် ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

​ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ငပလီအခြေစိုက် ၅၅ တပ်ရင်းမှ အင်အား ၃၃ ဦးပါသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ခူးတိုက်နယ် ချောင်းသုံးခွရွာသို့ဝင်လာပြီး သားဖ ၃ ဦးကိုအပါအဝင် ရွာသား ၄ ဦးဖမ်းဆီးခဲ့သည်။ညထို့နောက်၎င်းတို့ကို ၅ နာရီကြာ နေလှန်းထားခဲ့ပြီး ပြန်လွတ်ပေးခဲ့သည်။

ထို့အပြင် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့မ လျှပ်စစ် ပင်မဓာတ်အားခွဲရုံ၏ အနောက်ဖက် ဘာယေကျေးရွာအနီး ၉ မိုင်တောင်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရက္ခိုင့်တပ်တော်က မိုင်းဆွဲကြားဖြတ်တိုက်ခိုက်ခဲ့သည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သက္ကေပြင်ကျေးရွာအနီးတွင်ယာယီစခန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရက္ခိုင်ရှိမြို့နယ်များတွင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်စော်ကားမှုများ နေ့စဥ်ရက်ဆက်ပြုလုပ်လျှက်ရှိသည့်အတွက် စစ်ကောင်စီ ထိန်းချုပ်ဧရ်ယာအတွင်း ပြည်သူများမှာ လုံခြုံမှု လုံးဝ ကင်းမဲ့လျက်ရှိနေသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ