သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နတ်မောက်မြို့ လေကြောင်းတိုက်ခိုက်ခံရ၊ မြို့ခံ ၃ ဦးသေဆုံး

AB News – နိုဝင်ဘာ ၁၈ ၊ ၂၀၂၅
ဆိုဖီ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်မှ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန့်နေ့ နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၈ နာရီခန့်အချိန်တွင် စစ်ကော်မရှင်က နတ်မောက်မြို့၏ အနောက်ခြမ်းဘက်ရှိ ကြက်သောက်တွင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင်း အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးအနက် ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ဒေသခံများက ဆိုကြသည်။

သေဆုံးသွားသူများမှာ ကြက်သောက်တွင်းကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဦးစိုးတင့်၊ အသက် ၃၂ အရွယ် ဦးဌေးလှိုင်နှင့် အသက် ၃၇ နှစ်အရွယ် ဒေါ်မျိုးသီတာတို့ဖြစ်ကြသည်။

လက်ရှိတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သူများအား နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်၊ နံနက် ၉ နာရီ အချိန်ခန့်တွင် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာအတွင်း မင်္ဂလာဆောင်ကျင်းပနေသည့် နေအိမ်အနီးကို ဗုံးကြဲချခဲ့သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

တဖက်တွင် အာဏာသိမ်း စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသများကို နေ့စဥ်ရက်ဆက် လေကြောင်းဖြင့် တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
၂၀၂၆ ခုနှစ်အတွင်း ရက္ခိုင်ကို ၁၀ ကြိမ်ထက်မနည်း စကမ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်း နှင့် ပြည်သူ ၃၃ ဦးသေဆုံး၊ ၅၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ(သေဆုံးသူများတွင် လသားအရွယ်ကလေးငယ်များပါဝင်နေ)