သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးကျည်ဖြင့်ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်အမျိိုးသား ၁ ဦးသေဆုံးခဲ့ပြီး၊ ၄ဦးထိခိုက်ဒဏ်ရာရရှိ

AB News – ဒီဇင်ဘာ ၁၈ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ ပဒေသာကျေးရွာတွင် စစ်တွေအခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်အမျိုးသား ၁ဦးသေဆုံးပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News ကစုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့နယ် ၊ ကြံတောရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာတွင် လာရောက်စစ်ဘေးရှောင်နေသူ အသက် ၅၈ နှစ်အရွယ် ဦးမောင်ယဥ်သာဖြစ်ကြောင်းသိရှိရသည်။

ယမန်နေ့ ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညဥ့် ၁၁ နာရီအချိန်ခန့်တွင် စစ်တွေမြို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပဒေသာရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ဘေးရှောင်အမျိုးသား ၁ ဦးသေဆုံးသွားပြီး ၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်လုံသတင်းရင်းမြစ် ၁ ဦးက AB News သို့ပြောသည်။

” ညဥ့်အချိန်မတော်ကြီးမှာ ပစ်တာ။ ရွာသားတွေအကုန်လုံးလည်း အိပ်ပျော်နေကြတဲ့အချိန်မှာ လက်နက်​ကြီးကျရောက်ပေါက်ကွဲတာ။ အကုန်လုံး ကြောက်ကြောက်လန့်လန့်ဖြစ်သွားကြတယ်။ လက်နက်ကြီးပေါက်ကွဲတဲ့အသံကြောင့် နေအိမ်တွေတောင်တုန်လှုပ်သွားတယ်။ တစ်ယောက်က ပွဲချင်းပြီးသေဆုံးသွားတယ်။ နောက် ၄ ယောက်ဒဏ်ရာရရှိသွားတယ်” ဟုဆိုသည်။

လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ အသက် ၂၅ နှစ်အရွယ် မဘုမချေ ညာဘက်လက်မောင်းပွန်းပဲ့ဒဏ်ရာရရှိ ၊ အသက် ၄၃ နှစ်အရွယ် ဒေါ်မသိန်း ဦးခေါင်းပွန်းပဲ့ဒဏ်ရာရရှိ ၊ အသက် ၅၈ နှစ်အရွယ် ဒေါ်မသိန်းနု တင်သားပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး(စစ်ဘေးရှောင်) ၊ ကျောက်တော်မြို့နယ်မှ ပဒေသာရွာသို့အလည်ရောက်နေသည့် မိန်းကလေး၁ ဦးလည်း ခါးတွင် ကျည်စထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ၊နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ နေ့လည် ၂ နာရီကျော်အချိန်တွင် အိုင်းဒင်အလယ်ရွာမှ စိတ်ဝေဒနာသည် အမျိုးသားသည် အမြင့်ကျွန်းတံတားအနီးတွင်ရှိနေစဥ် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် နှစ်ချက် လည်ပင်းတွင် ထိမှန်၍ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ