Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့၊ ကျေးတောရွာအနီး ပြည်သူပိုင် ဘုတ် ၂စီးကို စစ်ကောင်စီအဖွဲ့ မီးရှို့ဖျက်ဆီး

စစ်တွေမြို့အနီး ကျေးတောရွာအောက်ဖက်ရှိ ပြည်သူပိုင် ဘုတ် ၂စီးကို စစ်ကောင်စီအဖွဲ့က ယနေ့ ဧပြီလ ၉ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ယနေ့ နံနက် ၈နာရီခန့်အချိန်တွင် ဘုတ် ၁စီးအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေ ၄ နာရီခွဲအချိန်၌ နောက်ထပ်ဘုတ် ၁စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကျေးတောရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ကျေးတောရွာအောက်ဘက်ရှိ ပြည်သူပိုင် ဘုတ် ၂စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျေးတောရွာသား ၁ဦးက AB News သို့ ပြောသည်။

ကျနော်တို့ရွာရဲ့ အောက်ဖက်မှာ ဘုတ် ၂စီး မီးရှို့ဖျက်ဆီးခံရတယ်။ မနက် ၈နာရီဝန်းကျင်မှာ ၁စီး၊ ညနေ ၄နာရီခွဲမှာ ၁စီးပါ။ ဒီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တာလို့ မျက်မြင်တွေက ပြောနေကြပါတယ်။ ဟု

စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။

ညနေ ၄နာရီခွဲအချိန်တွင် မီးရှို့ခံရသည့် ဘုတ်မှာ ယခုအချိန်ထိ မီးလောင်ကျွမ်းနေသည်ဟု မျက်မြင် ၁ဦးက ​​ပြောသည်။

မနက်က ၁စီးကိုလည်း မီးရှို့ခဲ့တယ်။ ညနေပိုင်းက မီးရှို့ခဲ့တဲ့ဘုတ်ဟာ ယခုအချိန်ထိ မီးလောင်ကျွမ်းနေပါတယ်။ ဟု

၎င်းကဆိုသည်။

စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့သည့် ဘုတ် ၂စီး၏ ပိုင်ရှင်များကို မသိရသေးပေ။

ရက္ခိုင်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့က စစ်တွေမြို့ တစ်ခုလုံးကို အဝင်အထွက်ပိတ်လိုက်သောကြောင့် မြို့ခံများမှာ မြို့အတွင်း ပိတ်မိလျက် ရှိနေကြသည်။

ထို့အပြင် ရက္ခိုင်တွင် စစ်ကောင်စီက နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ကြည်း၊ ရေ ခရီးသွားလာခွင့်များကို ပိတ်ပင်ထားခဲ့သော်လည်း စစ်ကောင်စီနှင့် အပေးအယူမျှနေသည့် ရေယာဥ်များမှာ စိတ်ကြိုက် ဝင်ထွက် သွားလာခွင့်ရနေသည်ကိုလည်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ