Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ် တောကန်ရွာတွင် စစ်ကောင်စီအဖွဲ့က ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ၇ ဦး ကျည်ထိ ဒဏ်ရာရ

AB News-နိုဝင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည် စစ်တွေမြို့နယ် တောကန်ရွာတွင် ယနေ့ ညနေက စစ်ကောင်စီအဖွဲ့က ဒရုန်းဖြင့် ပစ်ခတ်သည့် ကျည်ထိ၍ ကလေးငယ်များအပါအဝင် ၇ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်တွေအခြေစိုက် စစ်ကောင်စီ BE တပ်မှ ယနေ့ ၅ နာရီ ၃၅ မိနစ်က ဒရုန်း ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် အိမ်ထဲ၌ ရှိနေသော လူ ၇ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူများမှာ အသက် ၁၀ နှစ်အရွယ် မောင်ထက်သူရ၊ အသက် ၁၄ နှစ်အရွယ်အရွယ် မောင်ဖြိုးဝင်းမောင်၊ အသက် ၂၇ နှစ်အရွယ် မခင်ဖြိုး နှင့် အသက် ၂၅ နှစ်အရွယ် မနွယ်မာစိုး စသည့်သူများဖြစ်သည်။

၎င်းတို့သည် အပြစ်မဲ့ပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု တောကန်ရွာသားတစ်ဦးက AB News သို့ပြောသည်။

” အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တယ်၊ ကျနော်တို့ကပြေးစရာလည်းမရှိဘူး၊ ရွာထဲမှာနေတာကို တမင်သက်သက်လာပစ်တာက စစ်ရာဝတ်မှုကို ကျူးလွန်နေတာ ဖြစ်တယ်” ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို အနီးအနားရှိဆေးခန်းများသို့ ယာယီရွှေ့ပြောင်းထားရကြောင်း သိရသည်။

ယမန်နေ့ညနေ ပိုင်းတွင် စကစမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာနှင့် ရဲရိုးပြင်ရွာတို့မှ ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိတ်မိနေသည့် ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် စစ်ကောင်စီသည် လေတပ်၊ ရေတပ်တို့ကို အသုံးပြုနေရုံသာမက ဒရုန်းဖြင့် တိုက်ခိုက်လာနေသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ