Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ်မှ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၆ ဦးအား စကစအဖွဲ့က သေနတ် ၆ ချက်ပစ်ဖောက်ပြီး ဖမ်းဆီးသွား

စစ်တွေမြို့နယ်မှ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၆ ဦးအား စကစအဖွဲ့က သေနတ် ၆ ချက်ပစ်ဖောက်ပြီး ဖမ်းဆီးသွား

AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ် သဲချောင်းရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၁၆ ဦးအား စစ်ကောင်စီအဖွဲ့ သေနတ် ၆ ချက်ပစ်ဖောက်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ထိုအထဲတွင် ရခိုင် ၆ ဦး၊ မရမာကြီး ၆ ဦး၊ မူဆလင် ၄ ဦးတို့ ပါသွားကြောင်း သိရှိရသည်။

စစ်ကောင်စီရဲနှင့် စစ်သား ၃၀ ကျော်သည် ယနေ့ညနေ ၃နာရီ ၂ မိနစ်တွင် လက်နက်ခဲယမ်းအပြည့်တပ်ဆင်ကာ ထောင်ကားတစ်စီးအပါအဝင် အိမ်စီးကားအဖြူ ၂ စီးဖြင့် သဲချောင်းရွာသို့ ရာက်လာပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူ တစ်ဦးက AB News သို့ပြောသည်။

“လက်နက်ခဲယမ်းအပြည့်ပါတယ်၊ ကား ၃ စီးနဲ့ဝင်လာပြီး ရွာကလူတွေကို လိုက်ဖမ်းတယ် ၊အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၆ ဦးကို ဖမ်းခေါ်သွားတယ်” ဟု ဆိုသည်။

ဖမ်းဆီးခဲ့ရသူများမှာ စစ်တွေမြို့နယ် သဲချောင်းရွာမှ အသက် ၆၀ နှစ်အရွယ် စကစခန့် အုပ်ချုပ်ရေးမှူး ဦးစံမြကျော်၊ အသက် ၂၅ နှစ်အရွယ် မောင်ထွန်းကျော်အောင်၊ အသက် ၂၆နှစ်အရွယ် မောင်ဝေယံစိုး၊ အသက် ၄၁ နှစ်အရွယ် ဦးမောင်သန်း၊ ဇော်ထွန်း၊ အောင်နိုင်ဦး၊ ကျော်နိုင်ဝင်း၊ အတု၊ အမည်မသိ သူ ၂ ဦး၊ မာရမာကြီး ၁ ဦးနှင့် မူဆလင် ၄ ဦး တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်ဖွဲ့ များ နှင့် ရဲတပ်ဖွဲ့ဝင်တို့ ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းတို့၏မျက်နှာများကို Mask တပ်ထားပြီး သေနပ် ၆ ချက်ပစ်ဖောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အမည်မသိရသေးသည့် ရခိုင် ၂ ဦးမှာ သဲချောင်းရွာတွင် ကားလုပ်ရန် ရောက်နေသူများဖြစ်ပြီး မာရမာကြီးတစ်ဦးလည်း အလည်အပတ်ရောက်နေသူဖြစ်သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

ရွာသူ/ရွာသားများသည် ပေါ်တာဆွဲမည်ဟု ထင်ပြီးရွာမှထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်အထိ ပြန်မရောက်သေးကြောင်း သိရှိရသည်။

လက်ရှိတွင် ထိုဖမ်းဆီးခံရသည့် လူ ၁၆ ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို တိတိ ကျကျမသိရှိရသည့်အတွက် မိသားစုဝင်များ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

ရက္ခိုင်ပြည်မြို့နယ် အများအပြားတွင် စစ်ကောင်စီမှ ပြည်သူများကို ဖမ်းဆီးခြင်းများရှိလာနေကြောင်း ပိုမိုတွေ့ရှိလာရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ