Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေနယ်တွင် လက်နက်ကြီးထိမှန်၍ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရ

စစ်တွေနယ်တွင် လက်နက်ကြီးထိမှန်၍ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ် ချီလည်ဖင်း ကျေးရွာသို့ စကစ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၃ ဦးထဲတွင် ကိုရင်တစ်ပါးပါဝင်ကြောင်း သိရသည်။

သေဆုံးသူတစ်ဦးမှာ အသက် ၅၂ နှစ်အရွယ်ဦးလှသိန်းထွန်း ဖြစ်ပြီး ဒဏ်ရာရရှိသူများဖြစ်သော ကိုရင်တစ်ပါး၊ အသက် ၅ဝ အရွယ် ဦးအောင်ကျော်သန်း နှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။

အကြမ်းဖက် စကစ အဖွဲ့ ပါဒလိတ် ခမရ ၃၄၄ တပ်ရင်းမှ ယနေ့နံနက်ပိုင်း ၄ နာရီကျော်တွင် ပြည်သူများသို့ဦးတည်ပြီး လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ ၎င်းရွာထဲသို့ ၂ လုံးကျရောက်ပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ပါဒလိပ် တပ်ရင်းကပစ်တာပါ၊ ရွာထဲကို ၂ လုံးကျတယ်၊ တစ်ယောက်က သေသွားတယ်၊ တစ်ခြားသူတွေ ဒဏ်ရာရသွားတယ်”ဟု ဆိုသည်။

ကိုရင်တစ်ပါးနှင့် အမျိုးသမီး ၁ ဦးတို့သည် ရွာမီးရှို့ခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာမှဖြစ်ပြီး ၎င်းတို့၏ရွာမီးရှို့ခံရသည့်အတွက် ချီလည်ဖင်းရွာသို့ စစ်ဘေးရှောင်နေစဥ် လက်နက်ကြီး ကျည်စထိမှန်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့ကို စစ်တွေဆေးရုံသို့ပိုဆောင်ထားကြောင်းသိရသော် ဆေးကုသခွင့်ခံယူမှုအား စကစ တားမြစ်ထားကြောင်း သတင်းများထွက်ပေါ်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ