Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ထွက်သွား

စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ကျေးရွာအနီးတွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိပြီး ပြီးခဲ့သည့် မေလ ၁၅ရက်နေ့တွင် အမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခြေတစ်ဖက်ပြတ်ထွက်သွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူမှာ စစ်တွေမြို့၊ ရွှေပြားရပ်ကွက်မှ ဦးမောင်သန်းလှိုင် အသက် ၃၈နှစ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သူမှာ ကျေးတောပိုက်ဆိပ်ကျေးရွာ ဇာတိဖြစ်​ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ရက်နေ့တွင် စစ်တွေမြို့၊ ရွှေပြားရပ်ကွက်မှ အမျိုးသားတစ်ဦးသည် ကျေးတောပိုက်ဆိပ်သို့ လာရာတွင် မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း ကျေးတောပိုက်ဆိပ်ကျေးရွာမှ ရွာသားတစ်ဦးက AB News သို့ ပြောဆိုသည်။

“သူဟာ ရွှေပြားရပ်ကွက်မှာ နေထိုင်ပါတယ်။ အဲ့ဒီနေ့ ကျေးတောပိုက်ဆိပ်က ဆွေမျိုးအိမ်ကို ထင်းယူဖို့ လာခဲ့တာပါ။ ထင်းယူဖို့သွားချိန် မြစ်ကမ်းနံဘေးမှာ မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်” ဟု ဆိုသည်။

မြေမြှုပ်မိုင်း ၃လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး သူ့၏ ဘယ်ဘက်ခြေချင်းဝက်မှာ လုံးဝပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် မြို့ပတ်ပတ်လည်၌ မြေမြှုပ်မိုင်းများကို ထောင်ထားသည့်အတွက် မြို့ခံများမှာ မကြာခဏ မိုင်းနင်းမိပြီး သေကြေထိခိုက်လျက်ရှိသည်။

ယနေ့ မေလ ၁၇ ရက်နေ့တွင်လည်း မြေပုံမြို့နယ်၊ မြိုင်သာယာရွာမှ အမျိုးသားတစ်ဦးသည် ထင်းခုတ်သွားစဥ် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းကိုနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ  သေဆုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ