Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် လက်နက်ကြီး ပြောင်းကွဲသွားပြီး စကစတပ်သား ၆ ဦးထက်မနည်း ဆေးရုံတင်ထားရဟု သိရ

စစ်တွေတွင် လက်နက်ကြီး ပြောင်းကွဲသွားပြီး စကစတပ်သား ၆ ဦးထက်မနည်း ဆေးရုံတင်ထားရဟု သိရ

AB News – နိုဝင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြို့တော်စစ်တွေတွင် စကစတပ်သားများသည် ပေါက်တောသို့ လှမ်းကူပစ်ချိန်၌ ပြောင်းကွဲသွားက တပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း ဆေးရုံတင်ထားရကြောင်း သိရသည်။

စကစ တပ်ဖွဲ့ဝင်တို့သည် ယနေ့ညနေ ၉ နာရီခန့်တွင် ရက္ခိုင့်တပ်တော်ရှိရာ ပေါက်တာမြို့သို့ လှမ်းကူပစ်ပေးချိန်၌ အပူဒဏ်ကြောင့် ပြောင်းကွဲ၍ တပ်သားတွေ ဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း ကန်တော်ကြီး ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ပေါက်တောကိုလှမ်းပစ်တယ်၊ ဆက်တိုက်ပစ်နေတာ၊ အပူဒဏ်ကြောင့်ထင်ပါတယ်၊ ပြောင်းကွဲသွားပြီး ဒဏ်ရာတွေ ရသွားကြတယ်၊ သေမှာလားတော့မဟုသိဘူး” ဟု ဆိုသည်။

ကန်တော်ကြီးအနီးရှိ ၁၂ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နံနက်ပိုင်းမှ မိုးချုပ်သည်အထိ ပေါက်တောသို့ လှမ်းကူပစ်ပေးခဲ့သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို စစ်တွေမြို့ ကုတင် ၁၀၀၀ ဆေးခန်းတွင်း အရေးပေါ် ဆေးကုသမှု ခံယူနေကြောင်း AB News က စုံစမ်းသိရရှိရသည်။

ယနေ့ည ၉ နာရီတွင်ပြောင်းကွဲသွားသည့်အတွက် မည်သည့်ပစ်သံမှ မကြားတော့ကြောင်း ဒေသခံများပြောပြချက်အရ သိရစည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့သည် ပေါက်တောမြို့တွင် အပြင်းအထန်ပစ်ခတ်လျက်ရှိကြောင်း တွေ့ရသည်။

စကစ သေဆုံးမှု ရှိ/မရှိကို AB News ကအတည်ပြုရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ