Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ဆန်ရွှေ့ပြောင်းနေသော အလုပ်သမားများအား စကစမှ ဖမ်းဆီးပြီး ပြန်လွှတ်

စစ်တွေတွင် ဆန်ရွှေ့ပြောင်းနေသော အလုပ်သမားများအား စကစမှ ဖမ်းဆီးပြီး ပြန်လွှတ်

AB News – ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း၌ ဆန်ရွှေ့ပြောင်းနေသော အလုပ်သမားများအား စကစမှ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

စစ်​တွေမြို့ ကိုးရီးယားဆိပ်ကမ်း၌ အခြေချထားသောအကြမ်းဖက် စစ်ကောင်စီအဖွဲ့ ရေတပ်နေဗီမှ ယနေ့ မွန်းလွှဲ ၂ နာရီကျော်တွင် ဆန်ရွှေ့ပြောင်းနေသည့် အမျိုးသား ၁၀ ဦးကျော်အားဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

စကစ အဖွဲ့သည် အကြောင်းကိစ္စ တစ်စုံတစ်ရာမရှိဘဲ အလုပ်သမားများအား ဖမ်းဆီးပြီး နေဗီဝမ်းဗိုက်ထဲတွင် မိနစ် ၂၀ ကြာထိန်းသိမ်းထားခဲ့ကြောင်း လွတ်မြောက်လာသူ တစ်ဦးက AB News သို့ပြောသည်။

” ကျနော်တို့ ဆန်ရွှေ့ပြောင်းနေတာပါ၊ သူတို့ကဘာမှမပြောဘဲနဲ့ ဖမ်းဆီးပြီး နေဗီဝမ်းဗိုက်ထဲမှာ ထိန်းသိမ်းထားတယ်၊ ကျနော်တို့လည်းကြောက်သွားတယ်” ဟု ဆိုသည်။

ယခုလို ထိန်းသိမ်းပြီး ပြန်လည်လွတ်မြောက်လာခဲ့သည့်အတွက် အလွန်စိုးရိမ်ထိတ်လန့်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရခဲ့သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီ အဖွဲ့သည် ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်က ပေါက်တောနယ်ဖက်မှ စစ်တွေသို့ စျေးပြုရန်လာသည့်ခရီးသွားပြည်သူများအား စက်သေနတ်များဖြင့် လှမ်းပစ်ခဲ့သည်ဟုသိရသည်။

ယနေ့ မနက်ပိုင်းတွင်လည် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ဒေသခံပြည်သူတစ်ချို့ကို ဖမ်းဆီးခဲ့ပြီး ရာနှင့်ချီသောလူများအား နေဗီဝမ်းပိုက်ထဲတွင် ပြန်ပေးဆွဲထားကြောင်း သတင်းများထွက်ပေါ်နေ သည်။

၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ/မရှိကို AB News မှ သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရက္ခိုင်ပြည်တွင်းရှိ အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ပြည်သူများအား အင်အားပြ ခြိမ်းခြောက်မှုများပြုလုပ်လာခြင်း၊ သတင်းမပို့ရဲအောင်စာရင်းပြုစုလာခြင်းများ အပါအဝင် အပြစ်မဲ့ဒေသခံများအား အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ