Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီတပ်ပြေး မိသားစု ၁ စု ဖမ်းဆီးခံရ

စစ်တွေတွင် စစ်ကောင်စီတပ်ပြေး မိသားစု ၁ စု ဖမ်းဆီးခံရ

AB News-ဒီဇင်ဘာ ၈၊ ၂၀၂၃

တနင်္သါရီတိုင်း ထားဝယ်တွင် တာဝန်ကျနေသည့် လင်ဖြစ်သူ စစ်ကောင်စီတပ်သား ထွက်ပြေးသွားသည့်အတွက် ရက္ခိုင်ပြည် စစ်တွေတွင် နေထိုင်သည့် ၎င်း၏ မိသားစုများကို ဖမ်းဆီးသွားကြောင်း သိရသည်။

ရက္ခိုင်ပြည် စစ်တွေမြို့ လမ်းမတော်မြောက် ဆပ်ရိုးကျတံတားအနီးတွင် နေထိုင်သည့် စစ်ကောင်စီအဖွဲ့ဝင် မိသားစု ၁ ခုကို ဒီဇင်ဘာလ ၆ ရက်နေ့ ညနေက နေအိမ်သို့လာရောက်ပြီး စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များ ပြောပြချက်အရသိရသည်။

ဖမ်းဆီးခံရသူများမှ အသက် ၄၀နှစ်အရွယ် ဒေါ်ညိုသန့် (ခ)ချေ နှစ်၊ အသက် ၁၀နှစ် သားနှစ် ၄ နှစ်သားအရွယ် တို့ ဖြစ်ကြသည်။

ဖမ်းဆီးစဥ် ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင် ဆွေမျိုးနီးစပ်တော်သူ ၁ ဦးက ပြောသည်။

“၆ ရက်နေ့ ညနေက လာဖမ်းပါတယ်။ ဖမ်းတာလည်း ရိုက်နှက်ပြီး မေးတယ်။ ပြီးမှ စစ်ကားနှင့် တင်ခေါ်သွားပါတယ်။ ကလေးတွေကိုပါ ဖမ်းသွားပါတယ်။ လင်တပ်ပြေးလို့ သားမယားကို ဖမ်းတာကတော့ လွန်ပါတယ်။ ကလေးတွေဆိုအရမ်းသနားဖို့ကောင်းတယ်” ဟုဆိုသည်။

မြန်မာပြည်အနှံ့ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီအဖွဲ့မှ လက်အောက်ငယ်သား စစ်ကောင်စီအဖွဲ့ဝင်များမှာ ရှေ့တန်းထွက်ပြီး အသေမခံချင်၍ ပုံစံအမျိုးမျိုးဖြင့် ထွက်ပြေးနေကြပြီး၊ ကျန်ရှိသည့်မိသားစုများကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးအကြပ်ကိုင်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည့် စစ်မှုထမ်းဟောင်းများနှင့် အရံတပ်များကိုလည်း စစ်တိုက်ရန် ပြန်ခေါ်နေသည့်အပြင် တပ်သားများ၏ ဇနီးမယားများကိုလည်း စစ်သင်တန်းပေးကာ ရှေ့တန်းသို့ပို့၍ အသေခံခိုင်းနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ