Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ကောင်စီတပ်၊ ရဲအဖွဲ့နှင့် ALP တို့ပူးပေါင်းပြီး ဘုတ်သမားများနှင့် ခရီးသွားပြည်သူများအား ဖမ်းဆီးထား

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းအနီး ကုလားချောင်းထဲတွင် သွားလာနေသည့် ဘုတ်များကို စစ်ကောင်စီတပ်၊ ရဲတပ်နှင့် ALP တပ်တို့က ရပ်ခိုင်း၍ ဘုတ်သမားများအပါအဝင် ခရီးသွားပြည်သူများကို ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALP တို့သည် ယမန်​​နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ကိုးရီးယားဆိပ်ကမ်းအနီး ကုလားချောင်းထဲတွင် သွားလာနေသည့် အရပ်သားပြည်များအား သေနပ်ပစ်ဖောက်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း AB News သိရှိရသည်။

စစ်ကောင်စီသည် ၃ ဖွဲ့ပူးပေါင်းပြီး ဒေသခံပြည်သူများအားဖမ်းဆီးရန် လက်နက်ငယ် ပစ်ခတ်ခြင်း ၊ ဘုတ်တွင်းသို့ဝင်ပြီး တွေ့သည့်လူများကို ဖမ်းဆီးသွားခဲ့ကြောင်း အမည်မဖော်လိုသည့် စစ်တွေမြို့ခံ တစ်ဦးက AB News သို့ပြောသည်။

” တစ်ဖွဲ့တည်းမဟုတ်ဘူး၊ ၃ ဖွဲ့ပူးပေါင်းပြီး လက်နက်ငယ်တွေလှမ်းပစ်တယ်၊ အနီးကိုကပ်လာတဲ့ပြည်သူတွေအပါအဝင် ဘုတ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ် “ဟု ဆိုသည်။

၎င်းတို့ဖမ်းဆီးသွားသည့် လူဦးရေအရေအတွက် ၃၈ ဦးကျော်ကြောင်း AB News က သီးသန့်ထောက်လှမ်းချက်အရ သိရသည်။

စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးရန် ထောင်ကား၊ စစ်ကားများအပါအဝင် ရဲကား ၂ စီးလည်းပါရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးမှုကြောင့် ဘုတ်တွင်းရှိ ခရီးသွားပြည်သူများအချို့ အလုအယက်ထွက်ပြေးခဲဲ့ရပြီး ကျန်ခဲ့သူများအဖမ်းခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးသွားသူများအား စစ်တွေမြို့ အမှတ် ( ၁) ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရှိရသော်လည်း မည်သို့ပြုလုပ်သွားမည်ကိုကား AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင်စစ်ကောင်စီတပ်ဖွဲ့များသည် ALP တို့နှင့်ပူးပေါင်း၍ စစ်တွေမြို့ခံများအား ဖမ်းဆီးမှုများလာသည့်အပြင် ခရီးသွားပြည်သူများနှင့် ဘုတ်သမားများအား ဖမ်းဆီးလာနေကြောင်း တွေ့ရှိရသည်။

ယခုလအတွင်း စစ်တွေမြို့တွင် ဖမ်းဆီးခံရသူ ၄၀ ကျော်ထက်မနည်း ရှိနေပြီး ယင်းထဲတွင် ရဟန်းသံဃာအပါအဝင် ပြည်သူများစွာပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ