Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေကပစ်သည့် လက်နက်ကြီးကျည် ၁ လုံး သံထော်လီမူဆလင်ရွာအဝင်လမ်း လယ်ကွင်းတွင် မပေါက်ကွဲဘဲရှိနေ

စစ်တွေကပစ်သည့် လက်နက်ကြီးကျည် ၁ လုံး သံထော်လီမူဆလင်ရွာအဝင်လမ်း လယ်ကွင်းတွင် မပေါက်ကွဲဘဲရှိနေ

Arakan Bay News-နိုဝင်ဘာ ၂၇၊ ၂၀၂၃

စစ်တွေ့မြို့ အမှတ် ၁၂ ရဲတပ်ရင်းမှာ ပစ်ခတ်သည့် လက်နက်ကြီး ၁ လုံးသည် မပေါက်ကွဲဘဲ စစ်တွေမြို့ သံထော်လီမူဆလင်ရွာအဝင်လမ်းအနီး လယ်ကွင်း မြေကြီးတွင် စိုက်နေကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၂၇ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က စစ်တွေမြို့ရှိ အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်သဖြင့် ကျရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းကျည်မှာ သံထော်လီရွာရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့ လယ်စွက် ၄ စွက်ခန့်အကွာတွင် ကျရောက်ခဲ့ကြောင်း ဒေသခံရွာသား တစ်ဦးက AB News သို့ပြောသည်။

“ရွာနဲ့အတော်လေးကို နီးတယ်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့လယ်ကွင်းမှာ ကျတာပါ။ ရွာသားတွေကတော့ အရမ်းစိုးရိမ်နေကြပါတယ်” ဟုဆိုသည်။

ယနေ့ နိုဝင်ဘာ ၂၇ရက်နေ့ မနက်က ၈ နာရီဝန်းကျင်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း စစ်ကောင်းစီ တပ်ရင်းများမှ လက်နက်ကြီး ငယ်များဖြင့် တရစပ်ပစ်ခတ်လျက်ရှိနေပြီး လက်ရှိ သတင်းရေးနေသည့်အချိန်တွင် ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သည်။

ရက္ခိုင်တွင် စစ်ကောင်စီမှ ပသ်ခတ်သည့် လက်နက်ကြီး ငယ်ကျည်ကျ၍ အပြစ်မဲ့ ပြည်သူ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပြီးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ