Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ စစ်ကြောင်းက စစ်တွေမြို့နယ်မှ အရပ်သား ၆ ဦးကို ရွာထဲဝင်ပြီး ဖမ်းဆီးသွား

ဇွန်လ ၄ ရက်နေ့တွင် စစ်တွေမြို့နယ် အောင်တိုင်ရွာနှင့် ကျက်တောပြင်ရွာများမှ အရပ်သားလူငယ် ၆ ဦးကို စစ်ကောင်စီအဖွဲ့ စစ်ကြောင်းတစ်ခုက ရွာထဲသို့ ဝင်ရောက်ကာ အဓမ္မဖမ်းဆီးသွားကြောင်း သိရသည်။

အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်တွေမြို့နယ် အောင်တိုင်ရွာသို့ ဇွန်လ ၄ ရက်နေ့ ည ၉ နာရီအချိန်တွင် ဝင်ရောက်လာကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အောင်တိုင်ရွာမှ အဖ ဦးမောင်ကျန်သိန်း၏သား အသက် ၂၄ နှစ်အရွယ် မောင်မိုးဒီ၊ အဖ ဦးကျော်စိန်အောင်၏သား အသက် ၃၇ နှစ်အရွယ် မောင်ပြား၊ အဖ ဦးအောင်ကျော်ညွန့်၏သား အသက် ၂၃ နှစ်အရွယ် မောင်ကျော်ကျော်၊ အဖ ဦးလှမောင်သိန်း၏သား အသက် ၂၅နှစ်အရွယ် မောင်ထွန်းလင်း၊ အသက် ၂၁ နှစ်အရွယ် မောင်ငြိမ်းငြိမ်းလင်းနှင့် ကျက်တောပြင်ရွာမှ အဖ ဦးဖြူသာအောင်၏သား အသက် ၂၄ နှစ်အရွယ် ထွန်းနိုင်ဝင်းတို့ဖြစ်သည်။

၎င်းစစ်ကောင်စီအဖွဲ့ စစ်ကြောင်းမှာ အောင်တိုင်ရွာတွင် တပ်စွဲထားသည့်စစ်ကြောင်းဖြစ်ပြီး ဖမ်းဆီးခံရသူများနှင့် ဆက်သွယ်မှု မရှိ‌သေးကြောင်း အောင်တိုင်ရွာသားနှင့် နီးစပ်သူ ၁ ဦးက AB News သို့ပြောသည်။

“ရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းက ဖမ်းသွားတာ ဘာလို့ဖမ်းလဲတော့ မသိပါဘူး၊ ဖြစ်နိုင်တာ‌တော့ လူငယ်တွေကို ဖမ်းတာဆိုတော့ ပေါ်တာဆွဲတာ၊ ဒါမှမဟုတ် အေအေလို့ စွပ်စွဲပြီး ဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။ ခုထိ မိသားစုနှင့် အဆက်အသွယ်မရသေးပါဘူး” ဟုဆိုသည်။

မေလ ၂၉ ရက်နေ့ ၃၁ ရက်နေ့အထိ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးတို့အား စစ်ကောင်စီက ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီး ကလေးနှင့် အမျိုးသမီး ၁၅၈၈ ဦးတို့မှာလည်း လူသားဒိုင်းကာအဖြစ် ထိမ်းသိမ်းခြင်း ခံထားရကာ ရာနှင့် ဗျိုင်းဖြူရွာမှ ရာနှင့်ချီသော အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးထားသည်ဟု သိရသည်။

ရက္ခိုင်တွင် တိုက်ပွဲ ပြန်လည် စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ အရပ်သားပြည်သူ ၄၂၅ ဦးထိ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း HDCO ၏ မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ