Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်း အထက်ရွာဟောင်းရွာမှ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁၀ ကျော် မီးလောင်ပျက်စီး (ဓာတ်ပုံသတင်း)

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဧပြီလ ၅ရက်နေ့ ညနေ့ ၄နာရီခန့်အချိန်တွင် လေကြောင်းမှ လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒါးလက်ချောင်း အထက်ရွာဟောင်းရွာမှ လူနေအိမ် ၁၀ ကျော် မီးလောင်ကျွမ်းကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

ထို့အပြင် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီး တစ်ဦးမှာ လက်ကောက်ဝတ်တွင် ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။ 

ပြီးခဲ့သည့် ဧပြီလ ၉ရက်နေ့က အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းစစ်ဌာချုပ် (နပခ) ကို အာရက္ခတပ်တော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမ်းမြို့နယ်ကို အလုံးစုံသိမ်းပိုက်ရရှိရန် အာရက္ခတပ်တော်မှ အရှိန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

အကြမ်းဖက်စစ်ကောင်စီအဖွဲ့က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်နေမှုများကြောင့် ကျေးရွာပေါင်း ၄၀ ကျော်မှ ရွာသားများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နပခ အပါအဝင် ကဇုကိုင်းအနီး တောဟိန်းတောင်ဗျူဟာနှင့် နတ်စင်တောင် တို့ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတပ်တော်က ဧပြီလ ၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

#ABN #အမ်း #ဒါးလက်ချောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ