သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် အသက်မပြည့်သည့် ကလေးငယ် ၇၀၀ ကျော်သေဆုံးကြောင်း AAPP ထုတ်ပြန်

AB News-မတ်လ ၁ ရက်၊ ၂၀၂၅

အာဏာသိမ်းချိန်မှစ၍ ဖေဖော်ဝါရီ ၂၈ ရက်အတွင်း စစ်ကောင်စီ၏လုပ်ရပ်များကြောင့် အသက်မပြည့်သည့် ကလေးငယ် ၇၀၀ ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်ထား သည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းသည် ဖမ်းဆီးခံရမှုအများဆုံးဖြစ်ပြီး စစ်ကိုင်းသည် သေဆုံးမှုအများဆုံးတိုင်း   ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စုစုပေါင်းအသက်မပြည့်သည့်ကလေး ၇၃၄ ယောက်နှင့် အမျိုးသမီး ၁၄၆၀ ယောက် သေဆုံးသွားခဲ့ ကြောင်း ထုတ်ပြန်ချက်အရ  သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ကလေးသူငယ်များဆိုင်ရာအခွင့်အရေးစာချုပ် (CRC) ကို သဘောတူလက်မှတ်ထိုး ထားသော်လည်း စာချုပ်ပါကျင့်ဝတ်စည်းကမ်းများကို လိုက်နာမှုအားနည်းကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ