Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမ်းမြို့နယ်မှ အမျိုးသား ၁ဦး ဒဏ်ရာရ

စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမ်းမြို့နယ်မှ အမျိုးသား ၁ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အမ်းမြို့နယ်မှ အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူမှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ အလယ်ကျွန်းရွာမှ ဦးမောင်ညွှန့်အေး ၂၉နှစ် ဖြစ်သည်။

ယနေ့ နံနက် ၉နာရီ၊ ၅၀မိနစ်ခန့်အချိန်တွင် ဦးမောင်ညွှန့်အေးသည် ၎င်း၏အိမ်ရှေ့၌ ထင်းခွဲနေစဥ် တောဟိန်းတောင်တွင် အခြေစိုက်ထားသော အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သော လက်နက်​ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဦးမောင်ညွှန့်အေး ဘယ်ဘက် နောက်ကျောတွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီ​နေ့ မနက် ၉နာရီကျော်မှာ တောဟိန်းတောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအဖွဲ့က လက်နက်ကြီးတွေ ပစ်တယ်။ လက်နက်ကြီး ၁လုံးဟာ မောင်ညွှန့်အေး နေအိမ်နား ကျရောက်ပေါက်ကွဲပြီး သူ့ဘယ်ဘက်နောက်ကျောမှာ ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃နေ့မှ စ၍ ရက္ခိုင်ပြည်တွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဘက်စစ်ကောင်စီသည် အရပ်သားပြည်သူများအား လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ နေဗီ၊ တိုက်လေယာဥ်များဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူများ အသက်၊ အိုးအိမ်များ ဆုံးရှုံးလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ