Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲ့ ကျောက်တော်မြို့ထဲ ဝင်ရောက်ပြီး ပြည်သူများအား ဆဲဆို ရိုက်နှက်မှုများ ပြုလုပ်

စစ်ကောင်စီအဖွဲ့ ကျောက်တော်မြို့ထဲ ဝင်ရောက်ပြီး ပြည်သူများအား ဆဲဆို ရိုက်နှက်မှုများ ပြုလုပ်

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၃

စစ်ကောင်စီအဖွဲ့ ယန့မနက်က ရက္ခိုင်ပြည် ကျောက်တော်မြို့ထဲ ဝင်ရောက်ပြီး လမ်းသွား လမ်းလာပြည်သူများအား ဆဲဆို ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ယနေ့နံနက် ၈ နာရီကျော်တွင် လက်နက်ခဲယမ်းအပြည့်ဖြင့် မြို့ထဲသို့ပတ်ပြီး ပြည်သူများအား ဆောင့်ကြောင့်ထိုင်ခိုင်းထားပြီး အချို့အား သေနတ်ဘောင်များဖြင့် နောက်ကျောကို ထောင်းခြင်းများပြုလုပ်ခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“မြို့ထဲကိုပတ်ပြီးသွားတယ်၊ လမ်းသွားလမ်းလာပြည်သူတွေကို ဆောင့်ကြောင့်ထိုင်ခိုင်းတယ် ပြီးတော့ အချို့သူတွေကို သေနတ်ဘောင်နဲ့ ကျောကုန်းကို ထုပါတယ်” ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့ဝင်များသည် ၎င်းတို့အား ကြည့်ရှူနေသော ပြည်သူတစ်ချို့အား ဆဲဆိုစော်ကားမှုများလည်း ရှိကြောင်း သိရသည်။

၎င်းတို့သည် KBZ ဘဏ်နှင့် မြို့မ အ.ထ.က ကျောင်းအနီးတွင် သွားလာနေခဲ့သည်ဟု သိရသည်။

ကျောက်တော်မြို့မရဲစခန်းအတွင်း မြေမြုပ်မိုင်းများထောင်ထားခြင်း၊ ခရီးသွားပြည်သူများကြောက်လှန့်စေရန် စစ်ကားများဖြင့် မြို့ထဲသို့သွားလာနေခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် ဒေသခံပြည်သူတစ်ချို့ နီးစပ်ရာရွာများသို့ ရွှေ့ပြောင်းနေရကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ၎င်းရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ချို့ AAထံအလင်းဝင်ရောက်ခဲ့ပြီး ဂစ္ဆပနဒီတံတားရင်းစခန်းမှလည်း ရဲတပ်ဖွဲ့ ၆ ဦးထက်မနည်း ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ရောက်ခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ