Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲမှ ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်ပြီး ရသေ့တောင်မြိုနယ်တွင် တက္ကသိုလ်ကျောင်းသူ ၁ဦးသေဆုံး

စစ်ကောင်စီအဖွဲမှ ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်ပြီး ရသေ့တောင်မြိုနယ်တွင် တက္ကသိုလ်ကျောင်းသူ ၁ဦးသေဆုံး

AB News- ဇန်နဝါရီ ၅၊ ၂၀၂၄

ယမန်နေ့ ဇန်နဝါရီ ၄ရက်နေ့ ၈နာရီ ၃၅မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီအဖွဲ ရေစိုးချောင်းဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စ ထိမှန်ပြီး ရသေ့တောင်မြိုနယ်မှ တက္ကသိုလ်ကျောင်းသူ ၁ဦးသေဆုံးခဲ့သည် ဟု AB News မှ စုံစမ်းသိရှိရသည်။

ရက္ခိုင်ပြည်၊ ရသေ့တောင်မြိုနယ်၊ ရေစိုးချောင်းကျေးရွာမှ ခရုချောင်းကျေးရွာတွင် စစ်ဘေးရှောင်ခိုလှုနေသူ ဖခင် ဦးမောင်သန်းနိုင်၏သမီး မစုမြတ်ခိုင် အသက် ၁၈နှစ် တက္ကသိုလ်ကျောင်းသူလေးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သေဆုံးခဲ့သူ တက္ကသိုလ်ကျောင်းသူလေးမှာ ယမန်နှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဂုဏ်ထူး ၂ဘာသာဖြင့်အောင်မြင်ခဲ့သူဖြစ်သည်။

ရသေ့တောင် မြိုနယ်၊ ရေစိုးချောင်းဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာဒေသများသို ရည်ရွယ်ချက်ရှိရှိ ဖြင့်ပစ်ခတ်၍ ရသေ့တောင် မြိုနယ် ခရုချောင်းကျေးရွာတွင် ၃လုံးပေါက်ကွဲခဲ့ပြီး အုန်းပင်တွင်ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်စမှာ မစုမြတ်ခိုင် ၏ နောက်ကျောအားဖောက်ထွက်သွားခြင်း ဖြစ်သည်ဟု ၎င်းနှင့် ဆွေမျိုးတော်စပ်သူ ၁ဦးက ပြောသည်။

” သူတိုက ခရုချောင်းရွာမှာ စစ်ရှောင်နေကြတာ၊ ညအချိန်အိပ်နေကြတုန်း လက်နက်ကြီးပစ်တော့ အိမ်ဖက်ကနေ ကတုတ်ကျင်းကို ပြေးဆင်းကြတယ်။ အိမ်ထက်ကအဆင်းမှာပဲ လက်နက်ကြီးက သမီးလေးရဲ့ နောက်ကျောကိုဖောက်ဝင်သွားတယ်။ ဆေးသမားခေါ်ချိန်တောင်မရလိုက်ဘူး” ဟုဆိုသည်။

အဆိုပါရေစိုးချောင်း ဗျူဟာကုန်းသည် ရသေ့တောင်မြိုနယ်ဝန်းကျင်မှ အရပ်သားပြည်သူများအား နှစ်ရှည်လများ ဒုက္ခပေးနေသော ဗျူဟာကုန်း ၁ခုဖြစ်ပြီး ရေစိုးချောင်းရွာသူ၊ ရွာသားများမှာလည်း ၎င်းဗျူဟာကုန်းကြောင့် နှစ်ရှည်လများ စစ်ဘေးရှောင်ဒုက္ခသည်များဖြစ်ကာ ကျေးရွာအားလာရောက်ကြည့်ရှုခွင့်တောင် မရရှိနိုင် ဖြစ်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ