Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီအဖွဲက သေနတ်ဖြင့်လိုက်ပစ်ရာ ချောင်းထဲခုန်ဆင်းသွားခဲ့ပြီး ပျောက်ဆုံးနေသည့် စစ်တွေမြိုနယ်၊ ချီလည်ဖင်းကျေးရွာမှ တက္ကသိုလ်ကျောင်းသား၏ ရုပ်အလောင်းအား တွေ့ရှိ

စစ်ကောင်စီအဖွဲက သေနတ်ဖြင့်လိုက်ပစ်ရာ ချောင်းထဲခုန်ဆင်းသွားခဲ့ပြီး ပျောက်ဆုံးနေသည့် စစ်တွေမြိုနယ်၊ ချီလည်ဖင်းကျေးရွာမှ တက္ကသိုလ်ကျောင်းသား၏ ရုပ်အလောင်းအား တွေ့ရှိ

AB News-ဇန်နဝါရီ ၅၊ ၂၀၂၄

ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီအဖွဲက သေနတ်ဖြင့်လိုက်ပစ်ရာ ချောင်းထဲခုန်ဆင်းသွားခဲ့ပြီး ပျောက်ဆုံးနေသည့် ရက္ခိုင်ပြည်၊ စစ်တွေမြိုနယ် ချီလည်ဖင်းကျေးရွာမှ တက္ကသိုလ်ကျောင်းသား၏ ရုပ်အလောင်းအား ယမန်နေ့က တွေ့ရှိခဲ့ကြောင်း စုံးစမ်းသိရှိရသည်။

ရေနစ်သေဆုံးသွားမှာ စစ်တွေမြိုနယ်၊ ချီလည်ဖင်းကျေးရွာမှ မောင်ဇွဲနိုင်ဝင်း ၂၁ နှစ်အရွယ် အဝေးသင်ကျောင်းသားတစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်၊ နံနက် ၈ နာရီ ၄၅မိနစ်တွင် ပါဒလိပ်တပ်ရင်းအကြမ်းဖက်စစ်ကောင်စီမှ  အင်အား ၇၀ ကျော် လက်နက်အပြည့်စုံဖြင့် ကျေးရွာအတွင်းသိုဝင်ရောက်ကာ သေနတ်များဖြင့် တွေ့သမျှလူကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ရာတွင် ကျေးရွာအနီးရှိ ချောင်းကိုဖြတ်ကူးရာ၌ ရေနစ်သေဆုံးသွားကာ အလောင်းပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော မောင်ဇွဲနိုင်ဝင်း၏ရုပ်အလောင်းအား ယမန်နေ့ ဇန်နဝါရီ ၄ ရက်၊ နေ့လည် ၃နာရီ အချိန်ခန့်တွင် ရေနစ်သည့် နေရာနှင့်မနီးမဝေး နေရာတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရေနစ်သေဆုံးသွားသူ မောင်ဇွဲနိုင်ဝင်းမာ အဝေးသင်ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး ကျေးရွာတွင် ကလေးသူငယ်များအား ပညာသင်ကြားပေးနေသော ကျောင်းဆရာတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ