Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်၍ မင်းပြားမြိုနယ်၊ ဖလောင်းပြင်ကျေးရွာတွင် နေအိမ် ၁ လုံးမီးလောင်ပြာကျပြီး စပါးတောင်း ၁၀၀ လည်း မီးလောင်ပြာကျ

AB News- ဇန်နဝါရီ ၁၀၊၂၀၂၄

ဖက်ဆစ်စစ်ကောင်စီအဖွဲ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မင်းပြားမြိုနယ် ၊ဖလောင်းပြင်ကျေးရွာတွင် နေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့သည့်အပြင် အိမ်ရှိ စပါးတောင်း ၁၀၀လည်း မီးလောင်ပြာကျခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ညဥ့်သန်းခေါင်ယံ ၁၂နာရီ မိနစ် ၃၀ အချိန်ခန့်က မင်းပြားအခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းများမှ ပစ်ခတ်သော လက်နက်ကြီးကျည်များမှာ မင်းပြားမြို၊ ဖလောင်းပြင်  ကျေးရွာမှ ဦးသန်းရွှေမောင်၏ နေအိမ်တွင် ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ပြီး စပါးတောင်း ၁၀၀ ပါသွားခြင်းဖြစ်သည်ဟု သိရသည်။

ဖက်ဆစ်စစ်ကောင်စီ အခြေစိုက်တပ်ရင်းများမှ ပြည်သူများနေထိုင်ရာ ကျေးရွာများသို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်လျှက်ရှိသည်ကိုတွေ့ရသည်။

လက်ရှိအချိန်ထိ မင်းပြားမြိုထဲတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဖက်က ဂျက်တိုက်လေယာဥ်များဖြင့် လာရောက် ပစ်ခတ်နေသည့်အပြင် ကျိန်းတောင်ပေါ်မှ လက်နက်ကြီးများဖြင့်ပါ တရစပ်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ