Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီပစ်လက်နက်ကြီးကျည် ပေါက်ကွဲပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာ မီးလောင်နေ

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကြိမ်ချောင်းရွာမီးလောင်နေကြောင်း မောင်တောဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။

ဒီနေ့ ညနေ ၆နာရီကျော်အချိန်မှာ မြို့သူကြီး နခခ ၅ က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်။ အခုတော့ ကြိမ်ချောင်းရွာ မီးလောင်နေတာကို ကျနော်တို့ မြင်ရတယ် ဟု

ဒေသခံတစ်ဦးကဆိုသည်။

ယခု မီးလောင်ကျွမ်းနေသည်မှာ ကြိမ်ချောင်းရွာ၏ ရက္ခိုင်များနေထိုင်သည့်ဘက်တွင် ဖြစ်နိုင်သည်ဟု သူက ခန့်မှန်းပြောဆိုသည်။

ကြိမ်ချောင်းကျေးရွာတွင် ဟိန္ဒူ၊ မာရမာကြီးနှင့် ရက္ခိုင်တို့ နေထိုင်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ စတုတ္ထအပတ်အတွင်း စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ကြိမ်ချောင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ် ၁လုံးနှင့် ဈေးဆိုင်းခန်း ၁ခန်း ပျက်စီးခဲ့ရသည်။

မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ကြာမြင့်နေပြီဖြစ်ကာ အဆိုပါကြိမ်ချောင်းစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ယခုရက်များတွင် အရှိန်အဟုန်မြှင့်တိုက်ခိုက်လျက်ရှိကြောင်း မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်မှ ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ မတ်လ ၂၄ရက်နေ့ စစ်ရေးသတင်းထုတ်ပြန်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့တွင် မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

#ABN#မောင်တော #ကြိမ်ချောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ