Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်၍ ပလက်ဝတွင် အမျိုးသား ၁ ဦးနှင့် ကျောင်းသား ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်၍ ပလက်ဝတွင် အမျိုးသား ၁ ဦးနှင့် ကျောင်းသား ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၅ ၊ ၂၀၂၄

ပလက်ဝဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု ကြောင့် အမျိုးသား ၁ ဦးနှင့် ကျောင်းသား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသူအမျိုးသား ၁ ဦးမှာ ပလက်ဝမြိုအရှေ့ဘက်ရှိ အိန္ဒိယဆိပ်ကမ်းတွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဝန်ထမ်းဖြစ်သူ  ကိုဝေလွင် ၃၀ နှစ်ဖြစ်ပြီး ၎င်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရင်ညွန့်နှင့် ပေါင်တဝိုက်တွင် ဒဏ်ရာပြင်းထန်ရခဲ့ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း နီးစပ်သူ တစ်ဦးပြောကြားချက်အရသိရသည်။

၎င်းအပြင် ယမန်နေ့ ဇန်နဝါရီ ၃ ရက် ညဥ့် ၁၀ နာရီကျော်ဝန်းကျင်တွင်လည်း ပလက်ဝမြို၊ ရိက္ခာရပ်ကွက်ရှိ နေအိမ်တစ်ဆောင်သို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ၎င်းနေအိမ်မှ အသက် ၁၅နှစ်အရွယ် ကျောင်းသား ၁ ဦးသေဆုံးခဲ့ပြီး မိဘနှစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိကာ ပလက်ဝမြို ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

ပလက်ဝအနီးတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ လေကြောင်းပစ်ခတ်မှုများကြောင့် ပြည်သူများနေထိုင်ရာ ရပ်ရွာများသို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပလက်ဝမြိုရှိ ထောင်ချီသည့် ဒေသခံ ပြည်သူများ  ပြီးခဲ့သည့် ဒီဇင်ဘာလမှ စ၍ စစ်ဘေးလွတ်ရာ ဒေသများသို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပလက်ဝမြိုတွင် တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရဟတ်ယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ