Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်စ ထိမှန်၍ ပေါက်တောပြင်ရွာသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ ပေါက်တောပြင်ကျေးရွာမှ ဦးမောင်ချမ်းသာ ၆၀နှစ် ဖြစ်ကြောင်း သိရှိရသည်။

ဦးမောင်ချမ်းသာသည် သာစည်ကျေးရွာမှ ဆွေမျိုးများနှင့် ပိတ်မိသည့်သူများအား ပေါက်တောပြင်ကျေးရွာသို့ ခေါ်လာချိန် ယနေ့ နံနက် ၉နာရီတွင် သာစည်ကျေးရွာဘုတ်ဆိပ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသား ၁ဦးမှ ပြောသည်။

” သာစည်ရွာတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ပစ်တာ။ သာစည်ရွာဆိပ်ကမ်းတွင် ဦးမောင်ချမ်းသာနှင့် ဆွေမျိုးတွေ စက်လှေပေါ်သို့ တက်နေချိန်မှာ လက်နက်ကြီးကျည်စ ထိမှန်တာပါ။ ဝမ်းဗိုက်ညာဘက်တွင် ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ​ရွာသားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေမှုကြောင့် သာစည်ကျေးရွာနှင့် အခြားကျေးရွာများမှ ရွာသားများမှာ စစ်ကောင်စီတပ်၏ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ရွာရှိ စစ်ကောင်စီရဲတပ် တစ်ခုမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက စခန်းစွန့်ခွာပြီး ထွက်ပြေးသွားခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ