ရက္ခိုင်ပြည်၊ ဘူးသီးတောင်တွင် စစ်ကောင်စီက ၃ ရက်ကြာ အစာရေစာမကျွေးဘဲ ပိတ်လှောင်ထားခဲ့သည့် ခရုချောင်းမူဆလင်ရွာမှ ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး ၃၅ ဦးကို အာရက္ခတပ်တော်က ကယ်ထုတ် နိုင်ခဲ့ကြောင်း ယနေ့ မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီမှ (၃) ရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီးပိတ်လှောင်ထားသော ခရုချောင်း မူဆလင်ကျေးရွာမှ ကလေးငယ်များအပါဝင် မူဆလင် အမျိုးသား အမျိုးသမီးစုစုပေါင်း (၃၅) ယောက်အား အာရက္ခတပ်တော်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း AA ကဆိုသည်။