သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စကမ နေဗီလက်နက်ကြီးကြောင့် ကျောက်ဖြူဒေသခံတစ်ဦး သေဆုံး



‎AB News – ဖေဖော်ဝါရီ ၁၊ ၂၀၂၅

‎ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ကော်မရှင်(စကမ)နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း APM ၏ ဖော်ပြချက်အရ သိရသည်။

‎၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ညနေပိုင်းတွင်း ဇင်ချောင်းကျေးရွာဖက်သို့ စစ်ကော်မရှင် နေဗီမှ လက်နက်ကြီးကျည် ၃ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

‎သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွယ်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ်၊ ဦးမောင်ဖြူစိုး (ခေါ်) ခင်မောင်ထွေး ဖြစ်သည်။

‎၎င်းသည် ဇင်ချောင်းကျေးရွာ နှင့် ကျောက်ကလေကျေးရွာကြား ပင်လယ်ကမ်းစပ်အနီးရှိနေစဥ် အနီးအနားသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့၍ ပွဲချင်ပြီး သေဆုံးခဲ့ရကြောင်း ဆိုသည်။

‎ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့၊ ညအချိန်တွင်လည်း စကမနေဗီမှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျယ်ထိမှန်၍ ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာမှ ဒေသခံ ၂ ဦးသေဆုံးခဲ့သည်။

‎လက်ရှိကျောက်ဖြူတွင် အာရက္ခတပ်တော်နှင့် စကမ တို့ကြား နှစ်ဖက်စစ်ရေးအရှိန်မြှင့်တက်နေသကဲ့သို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။

‎တိုက်ပွဲဧရိယာကျယ်လာသည်နှင့်အမျှ စကမ ဘက်မှ  အကျအဆုံးများလာကာ အနီးအနားရှိ လူနေကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေကြောင်း ဆိုသည်။

‎ထိုသို့ လက်နက်ကြီးနှင့် လေကြောင်း ရမ်းသန်းပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသကဲ့သို့ ထိခိုက်သေဆုံးသူများလည်း ရှိကြောင်း သိရသည်။

‎#ရက္ခိုင် #ကျောက်ဖြူ #စကမ #နေဗီ
‎#လက်နက်ကြီး #ပြည်သူ #သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ