သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငပလီမြို့ ဗုံးကြဲခံရမှုအတွင်း ဆေးကုသမှုခံယူနေသူ ၁ ဦးထပ်မံသေဆုံး

AB News – ဇန်နဝါရီ ၆ ၊ ၂၀၂၆

အာရက္ခတပ်တော်ထိန်းချုပ်ထားသော ရက္ခိုင်ပြည်၊ သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးကျေးရွာကို စစ်ကော်မရှင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ထမ်မံ ၁ ဦးသေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသူမှာ ငပလီမြို့ ၊ လင်းသာရပ်ကွက်မှ အသက် ၅၄ နှစ်အရွယ် ဦးဝင်းနိုင်ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၉ ရက်နေ့၊ ညနေ ၈နာရီအချိန်တွင် စစ်ကော်မရှင်တပ်၏ သံတွဲမြို့နယ် ၊ ငပလီမြို့လင်းသာရပ်ကွက်နှင့် ကျင်ကန်ကြီးကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှ ဦးခေါင်းတွင် လက်နက်အစများနှင့် ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများ ပြင်းထန်ဒဏ်ရာ ရရှိသွားသူဖြစ်သည်။

ထို့နောက် ဆေးကုသမှု ခံယူနေစဥ် ဇန်နဝါရီ ၅ ရက်နေ့ ၊ည ၇ နာရီအချန်တွင်သေဆုံးသွားကြောင်းသိရသည်။

ငပလီမြို့ လင်းသာရပ်ကွက်နှင့် ကျင်ကန်ကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်းသေဆုံးသူ ၁၀ ဦးထိရှိလာပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ခရစ်စ္စမတ်နေ့ ဒီဇင်ဘာ ၂၅နေ့ တွင်လည်းသံတွဲမြို့နယ်၊ ရပ်ရှည်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးသွားခဲ့ရသည်။

အလားတူ ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကော်မရှင်တပ်သည် သံတွဲမြို့ အမှတ် ( ၁) ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် အချို့လည်း မီလောင်ပျက်စီးသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ