AB News – ဒီဇင်ဘာ ၂၈ ၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လူစုလူဝေးရှိသည့် ယာဥ်ရပ်နားသည့်နေရာက်ို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ နေ့လည် ၁ ၂ နာရီ၊ ၄၀ မိနစ်အချိန်တွင် ခင်ဦးမြို့ အရှေ့ဘက်ခြမ်း မြေနီလျှို ကျေးရွာအနီးကို ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သ်ိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိကာ စက်သုံးဆီတင် ကားကြီးနှင့် ခရီးသည်ကားများအပါ အဝင် မော်တော်ကား ၉ စီး မီးလောင်ပျက်စီးခဲ့သည်။
စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့သော နေရာများမှာ ရွှေဘို- မြစ်ကြီးနား လမ်းကြောပိတ်ဆို့မှုကြောင့် ရပ်ထားသည့် ခရီးသွားကုန်စည်ကား၊ ဆီသယ်ကားများ၊ ဆီဘောက်ဆာကားယာဥ်တန်း၊ ထမင်းဆိုင် ၊ starlink ဆ်ိုင်နှင့် စားဖွယ်စုံဆိုင်တန်းများ ဖြစ်သည်။
ပြီးခဲသည့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဘို- မြစ်ကြီးနားလမ်းကြောအတွင်း ပိတ်မိနေသည့် ကားသမားများနှင့် ခရီးသည်များအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး မော်တော်ယာဥ်များနှင့် စျေးဆိုင်တန်းများပျက်စီးခဲ့သည်။



