
AB News – ဩဂုတ် ၁၆၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သပြုတောင်ရွာကို စစ်ကော်မရှင်တပ်က မီးရှို့ခဲ့ကြောင်း သိရသည်။
ယနေ့၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကျောက်ဖြူမြို့အခြေစိုက် ခမရ(၅၄၃) တပ်ရင်းမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” ဒီနေ့ နေ့လည်ပိုင်းမှာ ဝင်ရောက်မီးရှို့သွားတာပါ။ ခမရ ၅၄၃ က စစ်ကော်မရှင်တပ်သားတွေပါ။ ပြည်သူတွေလည်း ကြောက်နေကြရတယ်” ဟု ဆိုသည်။
မီးရှို့ဖျက်ဆီးမှုကြောင့် သပြုတောင်ရွာမှ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
လက်ရှိကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တပ်တို့ ၂ ဘက်တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။