AB News -မတ် ၁၀ ၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ကျောက်ဖြုုမြို့နယ် စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ယနေ့ မတ်လ ၁၀ ရက်နေ့ တွင် အသေခံ ဒရုန်း၂စီးဖြင့် ဒရော့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု AB News မှစုံးစမ်း သိရှိရသည်။
ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ မိနစ် ၄၀ ခန့်လောက်က ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံကြီးအား ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ၏ အမှတ်(၁၈) တောင်မော်ကြီးရေတပ်စခန်းမှ အသေခံ ဒရုန်း ၂ စီးဖြင့် ဒရော့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ၁ ဦး က AB Newsသို့ ပြောသည်။
‘’ မနက်စောစော လာပစ်တာ။ အသေခံ ဒရုန်း ၂ စီးနဲ့ ဒရော့ ဗုံး ၂ လုံးကြဲချခဲ့တာ။ ဆေးရုံ တည့်တည့် မှာ ကျပြီး ပေါက်ကွဲသွားတယ်။ ဆေးရုံရဲ့ ခွဲစိပ်ခန်းခေါင်မိုး ပျက်စီးသွားတယ်’’ ဟု ၎င်းမှ ဆက်ပြောသည်။
အဆိုပါ ဒရော့ဗုံးသီး၂လုံးသည် စနဲတိုက်နယ်ပြည်သူ့ဆေးရုံကြီး၏ ခွဲစိတ်ခန်းအလယ်တည့်တည့်သို့ ၁လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် တစ်လုံးမှာ ခွဲစိတ်ခန်းအပြင်ဖက်နားတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ကြက္တိန်အောက်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားလူနေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပြာကျသွားခဲ့သည်။
ယင်းအပြင် မတ်လ ၆ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ် ဦးဂင်းရွာတို့ကိုအကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဒရုန်းများဖြင့် ဗုံးချ၍ မီးရှို့ခဲ့ခြင်းကြောင့် ဦးဂင်းရွာမှ အရပ်သားလူနေအိမ် ၁၄၀ ကျော်ခန့် မီးလောင်ကျွမ်းသွားသည်ဟု သိသည်။
ဓာတ်ပုံ/APM