သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနယ်တွင် စစ်ကောင်စီ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

AB News – ဧပြီ ၂၅၊ ၂၀၂၅

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ နေ့လယ် ၂ နာရီ ၅၆ မိနစ်၊ ၃ နာရီ ၅ မိနစ်နှင့် ၃ နာရီ ၁၄ မိနစ်တို့တွင် ဒရုန်းဖြင့် သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သေဆုံးသူမှာ ကုလားဘာကျေးရွာမှ ရေနံတောင်ကျေးရွာသို့ စစ်ဘေးရှောင်လာသူ အသက် ၆၂ နှစ်အရွယ် ဒေါ်မယဉ်နု ဖြစ်သည်။ ၎င်းသည် ဗုံးစထိမှန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူရန် သွားရောက်စဉ် ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျရောက်ပေါက်ကွဲခဲ့သည့် ဗုံးသီး ၁ လုံးသည် ဦးလှစံ၏ နေအိမ်ရှေ့ရှိ ဈေးဆိုင်အနီးတွင် ဖြစ်ပွားခဲ့ပြီး ဦးလှစံနှင့် ၎င်း၏နေအိမ်တွင် စစ်ဘေးရှောင်နေထိုင်သည့် ဒေါ်မယဉ်နုတို့ ဗုံးစထိမှန်ကာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း မိသားစုဝင် တစ်ဦးက AB News သို့ ပြောသည်။

“မနေ့က နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ၃ကြိမ်တောင် ဗုံးလာကြဲတယ်။ လူတွေအားလုံး ကြောက်လန့်ပြီး ပုန်းအောင်းနေကြရတယ်။ ဗုံးသီး ၁ လုံးက ဦးလှစံရဲ့ နေအိမ်ရှေ့က ဈေးဆိုင်မှာ ပေါက်ကွဲသွားတာကြောင့် ဦးလှစံနဲ့ သူ့ဆီမှာ စစ်ဘေးရှောင်နေတဲ့ မယဉ်နုတို့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားတယ်။ မယဉ်နုကတော့ ဒဏ်ရာအရမ်းပြင်းထန်လို့ ဆေးရုံကို သွားတဲ့လမ်းမှာပဲ ဆုံးသွားရှာတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဗုံးစထိမှန်ဒဏ်ရာရရှိထားသည့် ဦးလှစံသည် အနီးအနားရှိ ဆေးခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိသည့် ဗုံးသီး ၂ လုံးသည် ရေနံတောင်ကျေးရွာမှ ဒေါ်အောင်နုမ၏ နေအိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ရာ အနီးရှိ မုန့်ဆိုင် ၁ဆိုင် မီးလောင်ပျက်စီးခဲ့ပြီး ဗုံးစထိမှန်မှုကြောင့် အိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုးမြှင့်အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် ရက္ခိုင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။