Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် မျောက်တောင်ရွာမှ ၃ နှစ်အရွယ် လူမမယ် ကလေးငယ် တစ်ဦး စစ်ကောင်စီပစ်သတ်၍ ထပ်မံသေဆုံး

ကျောက်တော်မြို့နယ် မျောက်တောင်ရွာမှ ၃ နှစ်အရွယ် လူမမယ် ကလေးငယ် တစ်ဦး စစ်ကောင်စီပစ်သတ်၍ ထပ်မံသေဆုံး

AB News-ဇန်နဝါရီ ၃၊ ၂၀၂၄

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် မျောက်တောင်ရွာတွင် ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့က စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ပစ်ခတ်၍ အသက် ၃ နှစ်အရွယ် လူမမယ်ကလေးငယ် ၁ဦးထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ရေးအရရှုံးနိမ့်နေသော ဖက်ဆစ်စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိသော ကျောက်တော်မြို့နယ်မျောက်တောင်ကျေးရွာအား ယမန်နေ့ ၂နာရီ ၃၀ မိနစ်ခန့်က လူမဆန်စွာဖြင့် ဒရုန်းမှ Drop Bomp များ ၃ကြိမ်တိုင် ရည်ရွယ်ချက်ရှိရှိ ဖြင့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ တမင်တကာ လာရောက်ဗုန်းကြဲတိုက်ခိုက်သောကြောင့် ယမန်နေ့ ၃ နာရီခွဲ အချိန်ခန့်က ကျောက်တော်မြို့နယ်၊မျောက်တောင်ကျေးရွာမှ ဖခင်ဦးမောင်ငယ်၏ သားမောင်ဗြား ၂၂နှစ်မှာ တစ်နေရာတည်းတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဖခင် ဦးမင်းမင်းထွန်း နှင့် မိခင် မာမာဝင်း၏ သား မောင်ဉာဏ်ဟိန်း ၃နှစ် အရွယ် ကလေးငယ်မှာ ကျောကုန်းတွင် ကျည်စထိ ဒဏ်ရာကြောင့် ညနေ ၅နာရီ မိနစ်၂၀ ခန့်တွင် ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် တင်းမရွာအနီးရှိ တောင်ရှည်တောင် ဗျူဟာကုန်းတွင် ရက္ခိုင့်တပ်တော်နှင့် ဖက်ဆစ်စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ တိုက်ပွဲဖြစ်ပွားရာ တောင်ရှည်တောင်ဗျူဟာကုန်းနှင့် မျောက်တောင်ကျေးရွာမှာ မိုင် ၂၀ခန့်ကွာဝေးသည်။

ယမန်နေ့ ၁ရက်တည်းတွင် ဖက်ဆစ်စစ်ကောင်စီ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာ တစ်ရွာတည်းက ၂ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ဒရုန်းဖြင့် Drop Bomb များဖြင့် ပစ်ချခဲ့သည့်အပြင် ဂျက်တိုက်လေယာဥ်၊ ထောက်ပို့ရဟတ်ယာဥ်များဖြင့် ယမန်နေ့က တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ