Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် ပစ်ခတ်သွား

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရွာ ၇ ရွာထက်မနည်းကို စကစမှ ရဟတ်ယာဥ်ဖြင့် စက်သေနတ်ဖြင့် ပစ်ချသွားခဲ့ကြောင်း သိရသည်။

စကစ ရဟတ်ယာဥ် ၁ စီးသည် ယနေ့ ညနေ ၄နာရီ ၅၈ မိနစ်ခန့်က ကျောက်တော်မြို့အနီး အပေါက်ဝရွာနှင့် အနီးတစ်ဝိုက်သို့ ပျံသန်းပြီး စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ရွာတွေကိုပတ်ပြီး လှမ်းပစ်တယ်၊ ဘယ်နေရာတွေကို ကျည်ကျလဲဆိုတာတော့ အတိအကျမသိရသေးဘူး” ဟု ဆိုသည်။

အပေါက်ဝရွာတွင် အိမ်တစ်ဆောင်မီးလောင်သွားခဲ့သည်ဟု စကား​များထွက်ပေါ်နေသော်လည်း AB News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ ရဟတ်ယာဥ်သည် အပေါက်ဝ၊ ကသစ်တော၊ ကာလီယာ၊ ရွာသစ်ကေ၊ ပေါက်တောပလောင်၊ ရွာညာနှင့် ကြာညိုပြင်ရွာတို့အား လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လူထိခိုက်သေဆုံးမှု၊ ပစ္စည်းဥစ္စာဆုံးရှူံးမှု ရှိ/မရှိ တိတိကျကျမသိရှိရသေးပါ။ အသေးစိတ်အချက်အလက်များ ရရှိလျှင် AB News မှ ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ