သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကယန်းအမျိုးသားနေ့ ကျင်းပခဲ့သည့် သိကျိတ်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ ၊  ၂ ဦး ဒဏ်ရာရရှိ

AB News – ဧပြီ ၁၁ ၊ ၂၀၂၅

ကယန်းဒေသ ၊ ဖယ်ခုံမြို့နယ် ၊ သိကျိတ်ကျေးရွာတွင် ဧပြီလ ၁၀ ရက်နေ့က ကျရောက်သည့် ၂၅ နှစ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်နေစဥ် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၂ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကယန်းပြည်သစ်ပါတီ (KNGY) က ထုတ်ပြန်ပြောဆိုလိုက်သည်။

ဧပြီလ ၁၀ ရက်နေ့ ၊ ည ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက သိကျိတ်ကျေးရွာရှိ ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပနေသည့် ကွင်းပြင်အနီးကို လေကြောင်းမှ ပေါင် ၂၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထို့အတွက်ကြောင့် လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ကြောင်း KNGY က ဆိုသည်။

ကယန်းအမျိုးသားနေ့ ကျင်းပသည် သိကျိတ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတုအခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ  ပြည်သူ ၁၀၀၀၀ ဝန်းကျင်ခန့် တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း KNGY က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတဝန်း ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ အပစ်ခတ် ရပ်စဲမည်ဟု ကြောညာချက်ကိုလည်း ၎င်းကိုယ်တိုင်ပင် ချိုးဖောက်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ