သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကန့်ဘလူမြို့နယ်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

AB News – ဇန်နဝါရီ ၃၊ ၂၀၂၆
ဆိုဖီ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန့်နေ့ ဇန်နဝါရီ ၂ ရက်၊ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ မဲသည်ကျေးအား အကြမ်းဖက် စကမ မှ လေကြောင်းဖြင့် ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးကြဲချမှုအတွင်း သားဖြစ်သူ မောင်ပိုင်ဇေအပါအဝင် ဖခင် ဦးမင်းဌေး နှင့် အမေ ဒေါ်ဖြူသီး တို့ မိသားစု ၃ ဦး မှာ နေရာတင် သေဆုံးသွားခဲ့ရသည်။

ဒဏ်ရာရရှိသွားသူများမှာ ဦးမြဌေး၊ ကိုဖိုးဇော်၊ ကိုအောင်မင်းထွန်း၊ မယမင်းသူ၊ ကိုမျိုးကျော်၊ မနီလာဝင်း၊ ကိုကျော်ဇောဦးတို့ ဖြစ်ပြီး နေအိမ် ၈ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှု ခံနေရကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကြမ်းကြီးကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်သည့် စာသင်ကျောင်းအား စကမမှ ဗုံးကြဲချမှုကြောင့် စစ်ဘေးရှောင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့ တစ်ရက်တည်းတွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ရွှေဘို နှင့် ခင်ဦးမြို့နယ် တို့ကို စကမ မှ လေကြောင်းဖြင့် ဗုံးအလုံး ၄၀ ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၈ ဦး အပါအဝင် သံဃာတော် ၁ ပါး ပျံလွန်သွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ