သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကနီမြို့နယ်တွင် စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

AB News – နိုဝင်ဘာ ၁၉ ၊ ၂၀၂၅
ဂျူလိုင်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းအိုရွာ အနောက်ဖက်မြေဆင်းကုန်းအနီးပတ်ဝန်းကျင်အား စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရရာရှိခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်၊ ညနေ ၃ နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခဲ့မှုကြောင့် တောင်ယာတွင် နှမ်းရိတ်နေသည့် အသက် ၃၀ ခန့်အရွယ် ဒေသခံပြည်သူ အမျိုးသမီး သေဆုံးခဲ့ပြီး ၊ အသက် ၆၁ အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၃ နှစ်အရွယ်အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

၎င်းဂျက်ဖိုက်တာများသည် မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ လေတပ်စခန်းမှ ပျံတက်လာခြင်းဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ကနီမြို့နယ်၊ ဝင်မနားတိုက်နယ်ဆေးရုံကို စစ်ကော်မရှင်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၅၁ ခန့်ဦးအထိ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ပုံစာ – ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများအား မြင်တွေ့ရစဉ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ