
AB News-အောက်တိုဘာ ၂၉၊ ၂၀၂၅
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် စစ်ကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းတွင် (၉) ကြိမ်မြောက် ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။
ထိုသဘောတူညီချက်ကို ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀း၀၀)နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဆိုသည်။
တရုတ်နိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာလ ၂၇-၂၈ ရက် ၂ ရက်ကြာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
TNLA ဖက်မှ ၎င်းတို့ သိမ်းပိုက်ရရှိထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တပ်ဆုတ်ထွက်ခွါရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာစစ်တပ်မှ တအာင်းဒေသကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲရဟု သဘောတူညီချက်တွင် ပါရှိကြောင်း ဆိုသည်။