သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
TNLA က ငြိမ်းချမ်းရေးဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ကြေညာပြီး ၅ ရက်အကြာတွင်အကြမ်းဖက် စစ်ကောင်စီက ကျောက်မဲမြို့အား ဂျက်တိုက်​ယောဥ်​​ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် ၊ ဒေသခံပြည်သူ ၁၀ ဦးသေဆုံး ၊ ၂၀ ကျော်ဒဏ်ရာရရှိကြောင်း TNLA ထုတ်ပြန်

AB News – ဒီဇင်ဘာ ၁ ၊ ၂၀၂၄

TNLA က ငြိမ်းချမ်းရေးဆွေးနွေးရန် အဆင့်သင့်ရှိကြောင်းကြေညာပြီး ၅ ရက်အကြာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးခဲ့ရပြီး ၊ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည် ဟု TNLA က ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်မှ ဒေသခံပြည်သူ ၁၀ ဦသေဆုံးခဲ့ရပြီး ၊ ၂၀ ကျော် ထိဒဏ်ရာရရှိခဲ့ကြောင့် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက် ၊ ညနေ ၆ နာရီခွဲ အချိန်တွင် ကျောက်မဲမြို့ ၊ အင်ကြင်းတောင်ရပ်ကွက်ကို အကြမ်းဖက်စစ်ကောက်စီက ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးရုံ ၊ ဆေးခန်းများတွင် အရေးပေါ် ဆေးဝါးကုသမှုများကို ခံယူနေပြီး ၊ သေဆုံးသွားသူများ၏ရုပ်အလောင်းများကိုလည်း လိုက်လံရှာဖွေရှင်းလင်းနေကြောင်းလည်း ဖော်ပြထားသည်။

PSLF / TNLA မှ ငြိမ်ချမ်းရေးဆွေးနွေးရန်အတွက် အဆင်သင့်ရှိကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ကြေညာပြီး ၅ ရက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ယခုလို အရပ်သားပြည်သူများနေထိုင်သည့် ကျောက်မဲမြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

နောင်ချိုမြို့တွင်လည်း နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၊ ၃၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ​၊ နေအိမ်အများအပြားပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ