သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့အတွင်း ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသည့် သူခိုး ၉ ဦးအား ခိုးရာပါပစ္စည်းများနှင့်အတူ AA ဖမ်းဆီးထား

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၄

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲဖြစ်ပွားနေစဥ် တောင်ကုတ်မြို့အတွင်း ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသည့် သူခိုး ၉ ဦးအား ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးထားကြောင်း AA ကထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် တောင်ကုတ်မြို့တွင်း လုံခြုံရေး၊ ဒေသခံပြည်သူလူထုများ၏ တိုက်တာ၊ အိုးအိမ်အဆောက်အအုံများ နှင့် ၎င်းအဆောက်အအုံအတွင်း၌ ချန်ထားခဲ့သော ပစ္စည်းများ မပျောက်မပျက်စေရေး၊ ခိုးယူဖောက်ထွင်းမှုများ မဖြစ်ပေါ်စေရေး နှင့် အရပ်သားဒေသခံပြည်သူများ မြို့တွင်း၌ ခိုကပ်ရှိ မနေစေရေးတို့အတွက် ဆောင်ရွက်နေကြသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်နေမှုများ ကြား၌ပင် သူခိုးများကို ခိုးရာပါပစ္စည်းများနှင့်အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိကြောင်း AA ဆိုသည်။

၎င်းတို့ကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်ထဲတွင် လုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်နေစဉ် ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားသူများဖြစ်ကြောင်း သိရသည်။

AA ၏ထုတ်ပြန်ချက်တွက် သူခိုး ၉ ဦးရုပ်ပုံများကို ဖော်ပြထားသော်လည်း ၎င်းတို့၏အမည်နှင့် နေရပ်လိပ်စာများကို အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

မြိုတွင်း လူနေအိမ်များတွင် အိမ်ပိုင်ရှင်များမှ တစ်ပါတည်းယူဆောင်ရန် အဆင်မပြေခဲ့၍ ချန်ထားရစ်ခဲ့သော ပစ္စည်းများ၊ မီးခံသေတ္တာထဲထားခဲ့ကြသောအဖိုးတန် ရွှေ၊ ငွေလက်ဝတ် ရတနာပစ္စည်းများ၊ လေးလံသော အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ၊ တစ်ကိုယ်ရည် တစ်ကာယ လူ့အသုံး အဆောင်ပစ္စည်းများ၊ အဝတ် အထည်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးများ၊ ၎င်းယာဉ်ပါပစ္စည်းများထဲမှ ဖြုတ်၍ရပြီး ပြန်သုံး၍ရနိုင်သော ယာဉ်ပိုင်း ဆိုင်ရာပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသော အခြေခံ စားသောက်ကုန် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ ကြက်၊ ဝက် အစရှိသော တိရစ္ဆာန်များ နှင့် ရောင်းစား၍ရနိုင်သော ပစ္စည်းများကို ၎င်းဒေသခံ ပြည်သူများထဲမှအချိုနှင့် ခိုးယူရန်ချောင်းနေကြသောသူများသည် ခိုးယူခြင်း သာမက ဖျက်ဆီးခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်များကိုတွေ့ရှိရကြောင်း AA ကဖော်ပြထားသည်။

 ဖမ်းဆီးရမိသော သူခိုးများနှင့် ခိုးရာပါပစ္စည်းများကို သူခိုးများထံမှ မေးမြန်းပြီး ပိုင်ရှင်အစစ်အမှန်များလက်ထဲသို့ အပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လောလောဆယ်တိုက်ပွဲများပြင်းထန်နေမှုကြောင့် အဆိုပါ ခိုးရာပါပစ္စည်းများကို မိမိတို့ လုံခြုံရေးတပ်ဖွဲ့ထံတွင် ကောင်းမွန်စွာသိမ်းဆည်းထားပါကြောင်း အသိပေးထားသည်ကို တွေ့ရသည်။

ကျန်ရှိနေသေးသည့် ဖောက်ထွင်းခိုးယူနေသည့် သူခိုးများအား ဆက်လက် ဖမ်းဆီးသွားမည်ဟု AA ကထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ