သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ် တပ်တောင်တွင် မိုင်းနင်းမိ၍ ဆယ်ကျော်သက်အရွယ်ကလေး ၁ ဦး ခြေတစ်ဖက် ပြတ်ထွက်

AB News – အောက်တိုဘာ ၂၉ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ အမ်းမြို့နယ် ၊ တပ်တောင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ထောင်ထားခဲ့သည့် မိုင်းကို တက်နင်းမိ၍ ဆယ်ကျော်သက်အရွယ်ကလေး  ၁ ဦး ဘယ်ဘက်ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း သတင်းရသည်။

ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသူမှာ အမ်းမြို့နယ် ၊ တပ်တောင်မြို့ ၊ အမှတ် ၂ ရပ်ကွက်မှ အဖ ဦးတင်မောင်ထွန်း၏သား အသက် ၁၂ နှစ်အရွယ် မောင်ရဲထွန်းဖြစ်သည်။

၎င်းသည် ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ၊ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် သူ၏သူငယ်ချင်းဖြစ်သူ စိုးမင်းဦးနှင့်အတူ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ စခန်းချခဲ့သည့် တောင်သို့ ငါးမျှားကိုင်းတံ ခုတ်ရန်သွားရာတွင် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

“နံနက်ပိုင်း ၁၀ နာရီလောက်မှာ သူတို့သူငယ်ချင်း နှစ်ယောက်က ငါးမျှားကိုင်းတံလုပ်ဖို့ဆိုပြီး တောင်တက်ပြီး ဝါးသွားခုတ်တာ။ အဲဒီမှာ မိုင်းကို နင်းမိပြီးတော့ ခြေတဖက်ပြတ်သွားတာပဲ။ အဲဒီတောင်မှာက အရင်က စစ်တပ် (စစ်ကောင်စီ) က စခန်းချနေခဲ့တယ်။ ဒီအနားက လူတွေကတော့ သိပ်မသွားကြပါဘူး။ ကလေးတွေဆိုတော့ ဘယ်သိမလဲ” ဟုဆိုသည်။

အမ်းမြို့နယ်ဖက်တွင် ဆေးဝါးများ ပြတ်လပ်နေသည့်အတွက် ခြေတဖက်ပြတ်သွားသည့် ကလေးငယ်အား ဆေးကုသရန်ပင် အခက်အခဲ ဖြစ်နေရသည်ဟုလည်း သိရသည်။  

တပ်တော်မြို့မှာ အမ်းမြို့နဲ့  ၂၅ မိုင်ခန့် ကွားဝေးကာ လက်ရှိတွင် အာရက္ခတပ်တော်၏ ထိမ်းချုပ်မှု အောက်တွင် ရှိသည့် မြို့ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအဖွဲ့က မကြာခဏ လာရောက် လေကြောင်း တိုက်ခိုက်မှုရှိနေသည့် မြို့ ဖြစ်သည်။

ရက္ခိုင်တွင် စစ်ကောင်စီတပ်စွဲခဲ့သည့် တောင်ကုန်းများ၊ စေတီများ၊ နေအိမ်များ၊ တောတောင်များ၊ လမ်း၊ တံတားများ၊ အရိပ်ရသည့်အပင်အောက်များနှင့် သီးနှံပေါသည့်စိုက်ခင်းခြံများ၌ မိုင်းများကို မကြာခဏတွေ့ရပြီး ဒေသခံ တောင်သူ လယ်သမားများမှာ မိုင်းကြွင်း မိုင်းကျန်များ၏ သားကောင်များ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×