သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Fortify Rights က AA အပေါ် သတင်းအမှား စွပ်စွဲချက် AAC ပြင်းထန်စွာ ကန့်ကွက်

AB News – ဇူလိုင် ၂၄၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်​ပြည် အတွင်းရှိ မူဆလင်များအပေါ် အာရက္ခတပ်တော် (AA) က ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ဖော်ပြထားသော Fortify Rights အဖွဲ့၏ ထုတ်ပြန်ချက်သည် သတင်းအမှားဖြစ်ကြောင်း Arakan American Community (AAC) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Fortify Rights အဖွဲ့၏ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် အာရက္ခတပ်တော် (AA) သည် မူဆလင်များအား ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ပြင်းပြင်းထန်ထန် စွပ်စွဲထားသည်။

ထို့ပြင် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (ICC) မှ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ AAC က Fortify Rights ၏ မဟုတ်မမှန်သတင်းဖြန့်ဝေမှု၊ သတင်းအမှားရေးသားမှု၊ မဟုတ်မမှန် ထုတ်ပြန်မှု၊ နိုင်ငံတကာ၏ ကိုယ်ကျင့်တရား တာဝန်မဲ့မှုများနှင့် မဟုတ်မမှန် စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

AAC က ယခုကဲ့သို့ သတင်းမှားများနှင့် မဟုတ်မမှန် စွပ်စွဲမှုများသည် ရက္ခိုင်ပြည်အပါအဝင် မြန်မာပြည်သူများ၏ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းမှုများအတွက် ထိပ်ဆုံးမှ ဦးဆောင်နေသော အာရက္ခတပ်တော် (ULA/AA) အပေါ် အဆိုးမြင်ဝါဒ သက်ရောက်စေနိုင်သည်ဟု ထောက်ပြခဲ့သည်။

ထို့ပြင် Fortify Rights အဖွဲ့၏ ထုတ်ပြန်ချက်သည် မြန်မာပြည်သူများအတွက် လွတ်လပ်မှုနှင့် ဒီမိုကရေစီရရှိရေးကို ရည်ရွယ်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်အကြိုက် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းလည်း AAC က ဝေဖန်ပြောဆိုထားသည်။

Fortify Rights ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အာရက္ခတပ်တော် (AA) ဘက်ကလည်း ရက္ခိုင်​ပြည်အတွင်း မူဆလင်များအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပြောဆိုချက်များကို ပယ်ချလိုက်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ