သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News: မောင်တောမြို့တွင်း လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရသည့် မူဆလင်ပြည်သူ ၄၀၀၀ ကျော်တို့အား AA ကယ်ထုတ်

AB News-သြဂုတ် ၈၊ ၂၀၂၄

မောင်တောမြို့အတွင်း စစ်ကေင်စီတပ်က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားသည့် မူဆလင်ပြည်သူ ၄၀၀၀ ကျော်တို့အား အာရက္ခတပ်တော် AA က ယမန်နေ့ သြဂုတ်လ ၇ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါ မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူသားဒိုင်းကာအဖြစ် မြို့ခံ မူဆလင်ပြည်သူများ၊ ရက္ခိုင်များနှင့် တစ်ခြားသော မျိုးနွယ်စုဝင်များသည် မြို့အတွင်း ပိတ်လှောင်ခံထားရခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီနှင့်အဖွဲ့များသည် မောင်တောမြို့ရှိ အဝင်/အထွက် ဂိတ်ပေါက်နေရာများ အားလုံးအား အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ သြဂုတ်လ ၇ ရက်နေ့က အာရက္ခတပ်တော်က မြို့တွင်းသို့ ဝင်ရောက်ပြီး ပိတ်မိနေသည့် ပြည်သူများထဲမှ အချို့ကို ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ခိုင်လုံသတင်းရင်းမြစ်များအရ သိရသည်။

AA ကယ်ထုတ်လာနိုင်ခဲ့သည့် ပြည်သူများအား ၎င်းထိမ်းချုပ်ထားသည့် ဘေးကင်းလုံခြုံသည့် နေရာတွင် နေရာချထားပေးပြီး လိုအပ်သည့် စာနပ်ရိက္ခာ ကျန်းမာရေ စောင့်ရှောက်မှုများကို ကူညီပေးထားလျက်ရှိကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။