
Arakan Rohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့မှ တပ်မှူး ၂ဦးကို ယမန်နေ့ မေလ ၁၅ရက်နေ့တွင် အလျင်မြန်လှုပ်ရှားမှုတပ်ရင်း(RAB) မှ လက်ရ ဖမ်းဆီးမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dakha Tribune သတင်းတွင် ရေးသားဖော်ပြထားသည်။
ကော့ဘဇားခရိုင်အတွင်းရှိ အုခီးယားတောင်ကုန်းမှ ARSA တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့စဉ်အတွင်း
လက်ပစ်ဗုံးများနှင့် ဒုံးပျံများ အပါအဝင် ပြည်တွင်းပြည်ပမှ လက်နက် အများအပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများမှာ ARSA အဖွဲ့မှ တပ်မှူး Mr. Salimullah 38 နှစ် နှင့် ၎င်း၏ တွဲဖက် Md Riaz 27 နှစ်တို့ ဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မူဆလင်များပင် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ကြည်းတပ်၏ ဗုံးရှင်းလင်းရေး အထူးအဖွဲ့တစ်ဖွဲ့သည် အခင်းဖြစ်ပွားရာသို့ သွားရောက်ရှိကာ သိမ်းဆည်းထားသည့် ဖောက်ခွဲရေးပစ္စည်းများ၊ လက်ပစ်ဗုံးများ၊ IED များနှင့် ဒုံးပျံဆဲလ်များကို အများပြည်သူ ဘေးကင်းရေး အကြောင်းပြချက်ဖြင့် ဖျက်ဆီးခဲ့သည်။
RAB ၏ ဥပဒေနှင့် မီဒီယာအဖွဲ့ အကြီးအကဲ အာရာဖတ် အစ္စလမ် သည် အခင်းဖြစ်ပွားရာ နေရာဖြစ်သည့် Ukhiya ရှိ Lal Pahar တွင် အကျဉ်းချုံး သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် အဆိုပါ အချက်အလက်ကို ပြောကြားခဲ့ပါသည်။
“မနေ့က နံနက်အချိန်မှာ အုခီးယားဒုက္ခသည်စခန်း အနီးက လာပါဟာ လျှို့ဝှက်အချက်အလက်များကို အခြေခံပြီးမှ RAB အဖွဲ့တစ်ဖွဲ့ဟာ အုခီးယားတောင်ကုန်းမှာ အခြေချတပ်စွဲထားတဲ့ ARSA အဖွဲ့ကို ဝင်ရောက်စီးနင်းခဲ့တယ်” ဟု ဆိုသည်။
ထိုအချိန်တွင် ရိုင်ဖယ်သေနတ် ၃ လက်၊ လက်ပစ်ဗုံးငါးလုံး၊ ပြည်တွင်းလုပ် လက်ပစ်ဗုံး ၁၀ လုံး၊ နိုင်ငံခြားလုပ် ခြောက်လုံးပြူး ကိုးမီလီမီတာ၊ LG တစ်လုံး၊ ကျည်တောင့် ၃ တောင့်နှင့် ကော့တေး ၁၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
အာဆာတပ်မှူး မာစတာဆလီမုလ္လာဟ်နှင့် ၎င်း၏တွဲဖက် Md Riaz တို့သည် ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရကြောင်း အာရာဖတ် အစ္စလမ်က ပြောကြားခဲ့သည်။
ကူတူပါလောင်ဒုက္ခသည်စခန်းအတွင်း၌ ဘင်္ဂလီ မူဆလင်အချို့ကို ARSA အဖွဲ့မှ ပစ်ခတ် သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သောကြောင့် RAB အဖွဲ့သည် စခန်းတွင်း ထောက်လှမ်းရေး လှုပ်ရှားမှုများကို တိုးမြင့်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ARSA အကြမ်းဖက်အဖွဲ့ ပုန်းအောင်းနေထိုင်သည့် တည်နေရာ အချက်အလက်များကို သိရှိခဲ့ကြောင်း ဖော်ပြထားသည်။
ARSA အကြမ်းဖက်အဖွဲ့နှင့် RAB အဖွဲ့သည် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများပင် ရှိခဲ့သည်။
တစ်ချိန်တည်းတွင် ARSAအဖွဲ့၏ လက်နက်များကိုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ARSA အကြမ်းဖက်အဖွဲ့သည် ရက္ခိုင်ပြည်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
ယခု လက်ရှိတွင် ARSA အဖွဲ့သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းပြီး ဘူးသီးတောင်နှင့် မောင်တောမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသည်။