သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် ရွက်ညိုတောင်ရွာမှ စက်လှေတစ်စီးအား RSO အဖွဲ့က ဓားပြတိုက်

AB News – နိုဝင်ဘာ ၁ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် ရွက်ညိုတောင်ကျေးရွာမှ စက်လှေ ၁ စီးအား RSO မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်မှု ဖြစ်ပွား၍ အာရက္ခတပ်တော်နှင့် မိနစ် ၂၀ ခန့်ကြာအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရွက်ညိုတောင်ကျေးရွာမှ ဦးညီညီသည် အာရှိတ်ဂျားကျေးရွာမှ မူဆလင်အလုပ်သမား ၃ ဦးနှင့်အတူ ပုဇွန်ပို့၍ ရွာသို့ပြန်လာစဥ် ရွာအနီး မယူမြစ်အတွင်း ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် RSO အဖွဲ့၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

RSO အဖွဲ့သည် ဘုတ်ကြီးတစ်စီးဖြင့် လာရောက်၍ ဦးညီညီ၏ စက်လှေအား သေနတ်ပစ်ဖောက်ကာ ရပ်တန့်စေခဲ့ပြီး စက်လှေတွင်ပါလာသည့် ပစ္စည်းများကို ဆွဲငင်ယူနေကြသည်ကို အာရက္ခတပ်တော် ကင်းလှည့်တပ်ဖွဲ့က တွေ့မြင်၍ ၂ ဖက် အပြန်အလှန် မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်က AB News သို့ပြောသည်။

“ဦးညီညီရဲ့ စက်လှေက ပုဇွန်သွားပို့ပြီး ပြန်လာတာ၊ ရွာနဲ့ မလှမ်းမကမ်းမှာ RSO က ဘုတ်ကြီး တစ်စီးနှင့် လာပြီး ဓားပြတိုက်တယ်။ သေနတ်တွေနဲ့ ပစ်တယ်၊ စက်လှေမှာပါတဲ့ ဘုတ်ရှင်ရော့ အလုပ်သမားတွေပါ စက်လှေပေါ်က ခုန်ဆင်းပြီး ရေကူးလာကြတယ်။ AA အဖွဲ့ကတွေ့လို့ အပြန်အလှန် ပစ်ခတ်မှုတွေ ၁၅ မိနစ် ၂၀ လောက်ဖြစ်တယ်” ဟုပြောသည်။

AA နှင့် RSO အဖွဲ့တို့ကြား အပြန်အလှန် မိနစ် ၂၀ ခန့် ပစ်ခတ်မှု ဖြစ်ပြီးနောက် RSO အဖွဲ့သည် စက်လှေကို ယူသွားပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးပါသည့် ငါးဖမ်းဘုတ် တစ်စီးအား လက်နက်ကိုင် ဦးရေ ၆၀ ခန့်ပါသည့် ဘုတ်တစ်စီးက ပြန်ပေးဆွဲ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ အာရက္ခတပ်တော်က ကယ်တင်ပြီး ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်များ လက်ထဲသို့ ပြန်အပ်ခဲ့ကြောင်း သိရသည်။

မောင်တောနယ်စပ်တလျှောက်တွင်ရှိသည့် ကျေးရွာများနှင့် ဒေသခံ ခရီးသွားများမှာလည်း မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်းများကို မကြာခဏ ကြုံတွေ့နေရပြီး ဒေသခံပြည်သူများ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရလျက်ရှိသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×