Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၆၀ နှစ်ပြည့် သျှမ်းပြည်တပ်မတော်နေ့သို့ အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ် Dr ညိုထွန်းအောင်တက်ရောက်​

၆၀ နှစ်ပြည့် သျှမ်းပြည်တပ်မတော်နေ့သို့ အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ် Dr ညိုတက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

သျှမ်းပြည်တပ်မတော်ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ဧပြီလ ၂၄ ရက်နေ့သည် SSA ၏  ၆၀ နှစ်ပြည့် တပ်မတော်နေ့ဖြစ်သည်။

အဆိုပါအခမ်းအနားသို့( SSPP/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖနှင့်အတူ အာရက္ခတပ်တော်၏ ဒုစစ်ဦးစီးချုပ် Dr ညိုထွန်းအောင် တက်ရောက်ကာ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အပြောင်းအလဲ ရှိခဲ့သလို ၂၀၂၃ က ၁၀၂၇ စစ်ဆင်ရေးကာလ အပြီးမှာလည်း စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေး ရေစီးကြောင်းနဲ့အတူ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် အကျိုးဖြစ်ထွန်းတဲ့ အခြေအနေ အချိန်အခါ ပေါ်မှာ မူတည်ပြီး SSPP/SSA နဲ့ သျှမ်းပြည်သူလူထုအနေနဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ဒီထက်ပိုပြီးမှပဲ ပြည့်ဝနိုင်ပါစေ” ဟု Dr ညိုထွန်းအောင်က ဂုဏ်ပြုအမှာစကားတွင် ပြောကြားသွားခဲ့သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် ( SSPP/ SSA) ​​နေ့ကိုဌာနချုပ်တည်ရှိသည့် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA/AA) ၏ ဂုဏ်ထူးဆောင်တံဆိပ်ကိုလည်း SSPP/SSA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ အား Dr ညိုထွန်းအောင်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ