သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂ ဘက်တိုက်ပွဲအတွင်း ထိုင်း အရပ်သား ၁၁ ဦး သေဆုံး၊ ၁၃ ဦးဒဏ်ရာရ

AB News – ဇူလိုင် – ၂၄၊ ၂၀၂၅
နွယ်စိုး

ထိုင်း နှင့် ကမ္ဘောဒီးယား နာရီပိုင်းအတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာပြီးနောက် ထိုင်းအရပ်သား ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ကမ္ဘောဒီးယားဘက်မှ ဒုံးကျည်များဖြင့် ထိုင်းအရပ်သားနေထိုင်ရာ နေရာများနှင့် ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများအပါအဝင် ထိုင်းပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး များစွာသော အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တုံ့ပြန်သည့်အနေဖြင့် ထိုင်းလေတပ်က F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားစစ်စခန်း ၂ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကမ္ဘောဒီးယားကလည်း ထိုင်း စစ်လေယာဉ်များက ၎င်းတို့ပိုင်နက်အတွင်း လာရောက်ဗုံးကြဲခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ ထိုင်းသံရုံးက ထိုင်းနိုင်ငံသားအားလုံးကို ကမ္ဘောဒီးယားမှ ထွက်ခွာရန် တိုက်တွန်းထားသည်။

ကမ္ဘောဒီးယားဘက်ကလည်း ၎င်းတို့၏ သံအမတ်အပါအဝင် သံတမန်အဖွဲ့ကို ပြန်လည်ခေါ်ယူထားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား စစ်ပွဲအခြေအနေသည် နာရီပိုင်းအတွင်း ပိုမိုပြင်းထန်လာနေသောကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိပြု သွားလာနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ