Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ လူငယ် ၁ ဦးနှင့် သက်ကြီးပိုင်း ၁ ဦးဒဏ်ရာရ၊ အိမ် ၁ ဆောင်မီးလောင်ပြာကျ

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ လူငယ် ၁ ဦးနှင့် သက်ကြီးပိုင်း ၁ ဦးဒဏ်ရာရရှိသွားခဲ့သည့်အပြင် အိမ် ၁ ဆောင်လည်း မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ အမ်းမြို့နယ်၊ မဲလက်မောင်းအုပ်စု၊ မဲလက်မောင်းရွာမှ အသက် ၁၉ နှစ်အရွယ် ကိုမောင်မြင့်ဇော် နှင့်အသက် ၅၇ နှစ်အရွယ် ဒေါ်မညွန့်ဦးတို့ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲ​ပြင်းထန်​​နေသည့် အမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နပခအနီး ၃၇၃ တပ်ရင်းက ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီကျော်တွင်လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“၃၇၃ က လက်နက်ကြီးနဲ့ ပစ်တယ်။ တိုက်ပွဲကလည်းပြင်းနေတယ်။ လက်နက်ကြီးက ရွာထဲမှာကျရောက်ပေါက်ကွဲသွားတယ်။ လူ ၂ ယောက် ဒဏ်ရာရသွားတယ်” ဟုဆိုသည်။

လက်နက်ကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဒေါ်မညွန့်ဦး၏ ဘယ်ဖက်ပခုံးနှင့် ကိုမောင်မြင့်ဇော်၏ ညာဖက်ပါး၊ ညာဖက်ပခုံးတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကို တွေ့ရစ်

ထို့အပြင် ဦးခင်အောင်၏နေအိမ်မှာလည်း လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်က တောဟိန်းတောင်ဗျူဟာကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်အပါအဝင် တစ်ခြားစခန်းကုန်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ