သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမရပူရ တော်လှန်ရေးရဲဘော်များ MDY PDF နှင့်အတူ ပတ္တမြားမြေကို ကာကွယ်ရန် အင်အားဖြည့်

AB News- နိုဝင်ဘာ ၉၊ ၂၀၂၅
ဒေဝီ

တရုတ် ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မိုးကုတ်မြို့ကို TNLA လက်လွှတ်ခဲ့ရပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ မိုးကုတ်မြို့ကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူ အမရပူရမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်များလည်း မိုးကုတ်မြို့(ပတ္တမြားမြေ)ကို ပူးပေါင်းကာကွယ်ရန် အင်အားဖြည့်တင်းကာ ရောက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

“အမရပူရ ရဲဘော်တွေ ဘယ်ရောက်နေလဲဆိုတော့ တာဝန်ကျရာ နယ်မြေမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ပတ္တမြားမြေရောက် အမရပူရရဲဘော်များ” ဟု အဆိုပါတပ်ဖွဲ့၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

မိုးကုတ်မြို့ပေါ်တွင် MDY PDF၊ မိုးကုတ်ဗျူဟာအပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နေရာယူထားကြပြီးဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် အာဏာသိမ်း မင်းအောင်လှိုင်အား လက်နက်ကိုင်တိုက်၍ အမြစ်ဖြတ်မှသာ တိုင်းပြည်တည်ဆောက်နိုင်မည်ဖြစ်ပြီး တစ်ဖွဲ့တည်းဖြင့် အကောင်အထည်ဖော် လုပ်ဆောင်၍ မရကြောင်း တအာင်းတပ် (TNLA) ၏ ဗိုလ်ချုပ် တာဘုန်းကျော်ကလည်း ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ